Facebook က ကိုယ့်ရဲ့ Data ကို ခြေရာမခံနိုင်အောင် လုပ်နည်း

Facebook က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အမြဲခြေရာခံပြီး Data တွေကို အမြဲသိမ်းဆည်းနေကြတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ရရှိတဲ့ Data တွေကတစ်ဆင့် ကြော်ငြာနှင့်အခြားအကြောင်းအရာတွေကို သက်ဆိုင်တဲ့လူတွေထံ မျှဝေခြင်းတွေလုပ်ပါတယ်။ အခုနောက်ဆုံး ခြေရာခံနည်းကတော့ “Link History” လို့ခေါ်ပါတယ်။ ဒီ feature ကိုတော့ ကိုယ်တိုင်ပိတ်လို့ရပါတယ်။ ဒီအကြောင်းအရာမပြောခင်မှာ Facebook နှင့် တရားရုံးမှာ ရင်ဆိုင်ရတဲ့ အမှုတွေအကြောင်းကို ပြောပါရစေ။

Facebook က ကိုယ့်ရဲ့ Data ကို ခြေရာမခံနိုင်အောင် လုပ်နည်း 1

Facebook ရဲ့ CEO ဖြစ်တဲ့ Mark Zuckeberg က တရားရုံးမှာရင်ဆိုင်ရတဲ့ အမှုတွေက မနည်းပါဘူး။ အကြောင်းရင်းကတော့ အပေါ်က ဖော်ပြခဲ့သလို အသုံးပြုသူတွေရဲ့ အချက်အလက်ကို နည်းမျိုးစုံနှင့်ရယူပြီး အခြားအကြောင်းအရာတွေမှာ အသုံးချတာကြောင့် တရားရင်ဆိုင်ရပါတယ်။ လွန်ခဲ့တဲ့နှစ်က company အနေနှင့် ဒေါ်လာ ၇၂၅သန်းကို ပေးချေရမယ်လို့ သဘောတူညီခဲ့ရပါတယ်။ အသုံးပြုသူတွေရဲ့ Data တွေပေါက်ကြားတာကြောင့် တရားစွဲခံရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ Apple က ဖုန်းမှာ Apps တွေအသုံးပြုတဲ့အခါ Data တွေကို အလွယ်တကူမရယူနိုင်အောင် App Tracking Transparency ကို ထည့်သွင်းခဲ့ပါတယ်။ အသုံးပြုသူရဲ့ ခွင့်ပြုချက်မရယူပဲ Apps တွေက လုံး၀မရယူနိုင်အောင် လုပ်ထားပါတယ်။

အတိုချုံးကို ရှင်းပြရမယ်ဆိုရင် Facebook က Data တွေကို ရယူတဲ့အကြောင်းရင်းကတော့ သူ့ရဲ့ platform မှာ လာကြော်ငြာတဲ့လူတွေအတွက် Data အမှန်တွေရတဲ့အခါ အလွယ်တကူ ကြော်ငြာနိုင်အောင် လုပ်ပေးထားတာဖြစ်ပါတယ်။ တရားရုံးမှာ ရင်ဆိုင်ရပြီးနောက်ပိုင်းမှာတော့ ပုံစံအသစ်တစ်မျိုးနှင့် Data တွေကိုရယူဖို့ ကြိုးစားပါတယ်။ ဒီနည်းလမ်းကတော့ Facebook newsfeed မှာပေါ်တဲ့ website link ကို နှိပ်လိုက်ရုံနှင့် facebook က အသုံးပြုသူရဲ့ Data တွေကို ရယူပြီးမှတ်သားထားလိုက်တာဖြစ်ပါတယ်။

Facebook က ကိုယ့်ရဲ့ Data ကို ခြေရာမခံနိုင်အောင် လုပ်နည်း 2

ပုံထဲမှာပြထားတဲ့အတိုင်း သင့်ဘက်က confirm နှိပ်လိုက်ရင်တော့ သင့်ရဲ့ newsfeed မှာ ကြော်ငြာတွေတက်လာမှာ ဖြစ်ပါတယ်။

သင့်အနေနှင့် ကြော်ငြာ post တွေကို မမြင်ချင်ရင် ဒီအဆင့်အတိုင်းလုပ်နိုင်ပါတယ်။

Facebook က ကိုယ့်ရဲ့ Data ကို ခြေရာမခံနိုင်အောင် လုပ်နည်း 3

အသုံးပြုသူတွေအနေနှင့် Facebook ပေါ်က ကိုယ်မသိတဲ့ Link တွေကို အတက်နိုင်ဆုံး မနှိပ်မိဖို့ တိုက်တွန်းလိုက်ပါတယ်။

Exit mobile version