Facebook က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အမြဲခြေရာခံပြီး Data တွေကို အမြဲသိမ်းဆည်းနေကြတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ရရှိတဲ့ Data တွေကတစ်ဆင့် ကြော်ငြာနှင့်အခြားအကြောင်းအရာတွေကို သက်ဆိုင်တဲ့လူတွေထံ မျှဝေခြင်းတွေလုပ်ပါတယ်။ အခုနောက်ဆုံး ခြေရာခံနည်းကတော့ “Link History” လို့ခေါ်ပါတယ်။ ဒီ feature ကိုတော့ ကိုယ်တိုင်ပိတ်လို့ရပါတယ်။ ဒီအကြောင်းအရာမပြောခင်မှာ Facebook နှင့် တရားရုံးမှာ ရင်ဆိုင်ရတဲ့ အမှုတွေအကြောင်းကို ပြောပါရစေ။

Facebook ရဲ့ CEO ဖြစ်တဲ့ Mark Zuckeberg က တရားရုံးမှာရင်ဆိုင်ရတဲ့ အမှုတွေက မနည်းပါဘူး။ အကြောင်းရင်းကတော့ အပေါ်က ဖော်ပြခဲ့သလို အသုံးပြုသူတွေရဲ့ အချက်အလက်ကို နည်းမျိုးစုံနှင့်ရယူပြီး အခြားအကြောင်းအရာတွေမှာ အသုံးချတာကြောင့် တရားရင်ဆိုင်ရပါတယ်။ လွန်ခဲ့တဲ့နှစ်က company အနေနှင့် ဒေါ်လာ ၇၂၅သန်းကို ပေးချေရမယ်လို့ သဘောတူညီခဲ့ရပါတယ်။ အသုံးပြုသူတွေရဲ့ Data တွေပေါက်ကြားတာကြောင့် တရားစွဲခံရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ Apple က ဖုန်းမှာ Apps တွေအသုံးပြုတဲ့အခါ Data တွေကို အလွယ်တကူမရယူနိုင်အောင် App Tracking Transparency ကို ထည့်သွင်းခဲ့ပါတယ်။ အသုံးပြုသူရဲ့ ခွင့်ပြုချက်မရယူပဲ Apps တွေက လုံး၀မရယူနိုင်အောင် လုပ်ထားပါတယ်။
အတိုချုံးကို ရှင်းပြရမယ်ဆိုရင် Facebook က Data တွေကို ရယူတဲ့အကြောင်းရင်းကတော့ သူ့ရဲ့ platform မှာ လာကြော်ငြာတဲ့လူတွေအတွက် Data အမှန်တွေရတဲ့အခါ အလွယ်တကူ ကြော်ငြာနိုင်အောင် လုပ်ပေးထားတာဖြစ်ပါတယ်။ တရားရုံးမှာ ရင်ဆိုင်ရပြီးနောက်ပိုင်းမှာတော့ ပုံစံအသစ်တစ်မျိုးနှင့် Data တွေကိုရယူဖို့ ကြိုးစားပါတယ်။ ဒီနည်းလမ်းကတော့ Facebook newsfeed မှာပေါ်တဲ့ website link ကို နှိပ်လိုက်ရုံနှင့် facebook က အသုံးပြုသူရဲ့ Data တွေကို ရယူပြီးမှတ်သားထားလိုက်တာဖြစ်ပါတယ်။
ပုံထဲမှာပြထားတဲ့အတိုင်း သင့်ဘက်က confirm နှိပ်လိုက်ရင်တော့ သင့်ရဲ့ newsfeed မှာ ကြော်ငြာတွေတက်လာမှာ ဖြစ်ပါတယ်။
သင့်အနေနှင့် ကြော်ငြာ post တွေကို မမြင်ချင်ရင် ဒီအဆင့်အတိုင်းလုပ်နိုင်ပါတယ်။
- Facebook App ကို ဖွင့်လိုက်ပါ
- Menu ကို နှိပ်ပါ (အိုင်ဖုန်းအတွက် ညာဘက်ထောင့်က အောက်ဆုံးနား နှင့် android အတွက် ညာဘက် အပေါ်ထောင့်ဆုံးနား)
- Setting & Privacy Section ကို နှိပ်ပါ
- Settings ကို ထပ်နှိပ်ပါ
- Browser ကိုနှိပ်ပါ
- Allow link history ခလုတ်ကို ပိတ်လိုက်ပါ။ ပြီးရင်တော့ အခုပြထားတဲ့ပုံထဲက အတိုင်းဖြစ်သွားပါလိမ့်မယ်။
အသုံးပြုသူတွေအနေနှင့် Facebook ပေါ်က ကိုယ်မသိတဲ့ Link တွေကို အတက်နိုင်ဆုံး မနှိပ်မိဖို့ တိုက်တွန်းလိုက်ပါတယ်။