EV Cars အဟောင်းတွေကို ဝယ်သင့်လား

ဒီနေ့ခေတ်မှာ အစစအရာရာစျေးကြီးပြီး ကားတွေကလည်း ပိုမိုကောင်းမွန်တဲ့ Features တွေနှဲ့ ထွက်နေပါတယ်။ အသုံးပြုပြီးသား အင်ဂျင်ကား၊ ဆိုင်ကယ်တွေကိုတော့ လူတွေက ကျေကျေနပ်နပ်ဝယ်ယူကြပေမယ့် အသုံးပြုပြီးသား လျှပ်စစ်ကားတွေကို​ စျေးကွက်ထဲမှာ တစ်ကယ်ဝယ်ယူနေကြလားဆိုတာတော့ မေးစရာဖြစ်နေပါတယ်။ လျှပ်စစ်ကားတွေအများကြီးလမ်းပေါ်မှာ တွေ့လာရတယ်ဆိုပေမယ့် ရာခိုင်နှုန်းနဲ့ ယှဉ်ကြည့်ရင်တော့ တစ်ရာခိုင်နှုန်းကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဥပမာ Tesla လျှပ်စစ်ကား second hand တစ်စီးရဲ့စျေးနှုန်းက Hybrid car အသစ်တစ်စီးစာလောက် ရှိပါတယ်။ လျှပ်စစ်ကားတွေက ဆီကုန်သက်သာပေမယ့် အားသွင်းဖို့ Charging Station တွေက နေရာတိုင်းမှာ အလုံအလောက်မရှိသေးပါဘူး။ ပြင်ဆင်စရိတ်ကလည်း သာမန်အင်ဂျင်ကားတစ်စီးထက် အများကြီးသက်သာပါတယ်။ ဒါပေမယ့် အသုံးပြုပြီးသား လျှပ်စစ်ကားတစ်စီးကို ဝယ်မယ်ဆိုရင်တော့ ဒီအချက်တွေကို စဉ်းစားရပါမယ်။

EV Cars အဟောင်းတွေကို ဝယ်သင့်လား 1

၁။ လျှပ်စစ်ကားတော်တော်များများက​ ပထမဆုံးဝယ်ယူသူတွေရဲ့ လက်ထဲမှာသာ အများစုရှိနေပါသေးတယ်။ ဒါကြောင့် ဝယ်ယူမယ်လို့ ဆုံးဖြတ်ထားရင်တော့ ရှားပါးတာမျိုးကို တွေ့ရနိုင်ပါတယ်။

၂။ လျှပ်စစ်ကားတွေရဲ့ Battery Capacity က ပထမဆုံး ငါးနှစ်မှာ ၁၀% အောက်ကို ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို ပျမ်းမျှအားဖြင့် ၂.၃% ဘက်ထရီသိုလောင်မှု စွမ်းအင် လျော့လာနိုင်ပါတယ်။ လျှပ်စစ်ကားတွေကို ပျမ်းမျှ ၈နှစ်အထိ အာမခံပေးပေမယ့် ဘက်ထရီတွေရဲ့ သဘာ၀အရ စွမ်းဆောင်မှုက နှစ်ကြာလာလေ လျော့လာတာကိုတော့ သိထားဖို့လိုပါတယ်။

၃။ လျှပ်စစ်ကားတွေက အခြားအင်ဂျင်ကားတွေထက်ကို တန်ဖိုးကျမှု ပိုမြန်ဆန်ပါတယ်။ အဓိကကတော့ ကားကိုစစီးတဲ့နေ့ကစပြီး ဘက်ထရီရဲ့ သက်တမ်းကို ခန့်မှန်းပြီး စျေးဖြတ်ကြလို့ပါ။ သင့်အနေနှင့် ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးမရှိရင်တော့ ဘာမှမဖြစ်ပေမယ့် ဝယ်ရောင်းလုပ်တဲ့သူတွေကတော့ သေချာစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

၄။ သင်နေတဲ့နိုင်ငံအပေါ်မူတည်ပြီး အားသွင်းလို့ရတဲ့နေရာတွေက ကွဲပြားနိုင်ပါတယ်။ အိမ်မှာအားသွင်းမယ်ဆိုလည်း ကိုယ်ပိုင် Charging Station တစ်ခုဆောက်လုပ်ထားသင့်ပါတယ်။ မဟုတ်ရင်တော့ အားသွင်းရတဲ့ ဒုက္ခတွေ့နိင်ပါတယ်။ အနာဂတ်မှာတော့ လျှပ်စစ်ကားတွေအားသွင်းဖို့နေရာတွေ ပေါများလာနိုင်ပေမယ့် အခုချိန်မှာတော့ အရေအတွက် ကန့်သတ်ချက်တွေရှိနေဆဲပါပဲ။

၅။ ဘက်ထရီကားကို ဘက်ထရီအသစ်ပြန်လဲတဲ့ စရိတ်က ဒေါ်လာတစ်သောင်းအနည်းဆုံး ကုန်ကျနိုင်တာကြောင့် သင်ဝယ်ယူလိုက်တဲ့ လျှပ်စစ်ကားက ဘက်ထရီစွမ်းဆောင်ရည်နည်းနေတဲ့ကား မဖြစ်ဖို့ အရေးကြီးပါတယ်။

ဒီအချက်တွေကြောင့် သင့်အနေနှင့် Used လျှပ်စစ်ကားတွေကို မဝယ်ခင် သေချာစဉ်းစားဖို့လိုပါတယ်။ Used လျှပ်စစ်ကားရဲ့တစ်စီးစာ စျေးနှုန်းက Hybrid Car ထဲက တော်တော်ကောင်းတဲ့ ကားတစ်စီးရနိုင်ပါတယ်။ လက်ရှိအနေအထားနှင့်ဆို Hybrid Car တွေက လျှပ်စစ်ကားတွေထက် ကောင်းမွန်တဲ့အနေအထားမှာ ရှိနေဆဲပါပဲ။ နောက်လာမယ့် ဆယ်နှစ်အတွင်းမှာတော့ လျှပ်စစ်ကားတွေက ဒီထက်ပိုစျေးပေါလာနိုင်ပြီး နည်းပညာတွေလည်း မြင့်လာနိုင်ပါတယ်။

Exit mobile version