EV ကားအမျိုးအစားများနှင့် Hybrid Cars တွေရဲ့ ခြားနားချက်များ

အီလက်ထရောနစ်ကားအမျိုးအစားတွေအကြောင်း မပြောခင် အခေါ်အဝေါ်တွေကို သိထားဖို့ အရေးကြီးပါတယ်။ EV cars ဆိုတာက Electric Vehicle လို့အဓိပ္ပါယ်ရတာကိုတော့ လူတိုင်းသိကြပါတယ်။ နောက်တစ်နည်းခေါ်တာကတော့ BEV, Battery Electric Vehicle လို့လည်းခေါ်ပါတယ်။ ဥပမာပြရမယ်ဆိုရင် Tesla, Rivian တို့လို လျှပ်စစ်စွမ်းအင်ကို အပြည့်အ၀မှီခိုရတဲ့ကားတွေဖြစ်ပါတယ်။ EV cars တွေက အားအပြည့်သွင်းထားတဲ့အခါ မိုင်ပေါင်း ၁၀၀ မှစပြီး ၃၀၀ အထိသွားနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင်ကို အပြည့်အ၀မှီခိုရတာကြောင့် လျှပ်စစ်မရှိတဲ့နေရာမှာတော့ ဒီကားတွေကို မောင်းနှင်အသုံးပြုဖို့ ခက်ခဲပါတယ်။

Plug-In Hybrid Electric Vehicles (PHEV)

EV ကားအမျိုးအစားများနှင့် Hybrid Cars တွေရဲ့ ခြားနားချက်များ 1

ဒီကားအမျိုးအစားကတော့ လျှပ်စစ်စွမ်းအင်ကိုလည်း အသုံးပြုသလို လောင်စာဆီစွမ်းအင်ကိုလည်း အသုံးပြုတဲ့ကားအမျိုးအစားဖြစ်ပါတယ်။ အပေါ်က ပြောပြခဲ့တဲ့ လျှပ်စစ်ကားတွေလိုမျိုးပဲ အားသွင်းလို့ရပြီး မောင်းနှင်နိုင်ပါတယ်။ မိုင်ပေါင်းအနေနဲ့ကတော့ မိုင်၂၀ ကစပြီး ၅၀အထိ လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီးမောင်းနှင်နိုင်ပါတယ်။ လျှပ်စစ်စွမ်းအင်ကုန်သွားရင်တော့ လောင်စာဆီစွမ်းအင်ကို အသုံးပြုပြီး မောင်းနှင်ပါတယ်။ ဒီကားကိုပိုင်ဆိုင်ထားမယ်ဆိုရင်တော့ လောင်စာဆီအတွက် ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်ပြီး စွမ်းအင်နှစ်မျိုးလုံးကို အသုံးပြုလို့ရတာကြောင့် အနောက်နိုင်ငံမှာတော့ လူကြိုက်များကြပါတယ်။ Toyota Prius Prime နှင့် Ford Escape တို့က PHEV ကားအမျိုးအစားတွေဖြစ်ပြီး လူကြိုက်များတဲ့ ကားတွေလည်းဖြစ်ပါတယ်။

Hybrid Electric Vehicles (HEV)

EV ကားအမျိုးအစားများနှင့် Hybrid Cars တွေရဲ့ ခြားနားချက်များ 2

ဒီကားတွေကိုတော့ မြန်မာလူမျိုးတွေ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် Honda Insight နှင့် Civic တို့လိုကားတွေဖြစ်ပါတယ်။ ဒီကားတွေက အပေါ်ကဖော်ပြခဲ့တဲ့ကားတွေလို အားသွင်းလို့မရပဲ လောင်စာဆီနှင့် ကားထဲမှာပါတဲ့ Lithium Battery ကိုအသုံးပြုပြီး သွားတာဖြစ်ပါတယ်။ ဘက်ထရီက လောင်စာဆီသုံးတဲ့ အင်ဂျင်ကို အထောက်အပံ့ပေးတာမျိုးဖြစ်ပြီး စွမ်းအင်ကို ဘက်ထရီအပေါ်လုံး၀မှီခိုတာမျိုး မဟုတ်ပါဘူး။ ဆီစားသက်သာတာကြောင့် ဒီကားအမျိုးအစားကို လူတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ Toyota က ထုတ်တဲ့ကားအမျိုးအစားတွေအားလုံးက ဒီနည်းပညာကို သုံးလာကြတာကိုလည်း တွေ့ရပါတယ်။

EV ကားအမျိုးအစားများနှင့် Hybrid Cars တွေရဲ့ ခြားနားချက်များ 3

EV Cars တွေမှာ အဓိက အသုံးပြုတာက လျှပ်စစ်မော်တာနှင့် ဘက်ထရီပဲ ဖြစ်ပါတယ်။ ဘက်ထရီကတစ်ဆင့် စွမ်းအင်ရယူပြီး မော်တာကိုလည်စေပါတယ်။ ထိုမှတစ်ဆင့် ကားက ရွှေ့လျားပြီး သွားတာဖြစ်ပါတယ်။ HEV cars တွေက အင်ဂျင်အပေါ်မှီခိုပြီး စွမ်းအင်ကို လောင်စာဆီကတစ်ဆင့် ရယူပါတယ်။ ဘက်ထရီကတော့ ဆီစားသက်သာအောင် ထိန်းပေးရုံလောက်ဖြစ်ပြီး စွမ်းအင်ကို အပြည့်အ၀မှီခိုတာမဟုတ်ပါဘူး။

Exit mobile version