အလွယ်တကူ အစားထိုးနိုင်သော Battery တွေကို အသုံးပြုရန် EU ပါလီမန်က ဆုံးဖြတ်ချက်ချ

EU ပါလီမန်က ဖုန်းအပါအဝင် လျှပ်စစ်ပစ္စည်းတွေမှာ အလွယ်အကူ အစားထိုးနိုင်သော Battery တွေကို အသုံးပြုရန် ဒီအပတ်ထဲမှာ အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

ခေတ်နောက်ပြန်ဆွဲတဲ့ သဘောဖြစ်နေပေမယ့် EU ပါလီမန်ကတော့ အစားထိုးရလွယ်ကူတဲ့ တစ်နည်းအားဖြင့် ကော်အသုံးမပြုထားတဲ့ Battery တွေကိုသာ လျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုဖို့ မဲအရည်အတွက် ၅၈၇ မဲ ၉ မဲနဲ့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဖုန်းတွေ စတင်အသုံးပြုခဲ့တုန်းကလို ဖုန်း Battery အားကုန်သွားရင် သို့မဟုတ် Battery ပျက်သွားရင် ဖုန်းဆိုင်ကို တကူးတက သွားစရာမလိုပဲ အိတ်ထဲမှာ ဆောင်ထားတဲ့ အပို Battery ကို အလွယ်တကူ လဲထည့်နိုင်ဖို့ EU ပါလီမန်က ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ EU ပါလီမန်က ဆုံးဖြတ်တာဖြစ်လို့ ဥရောပ ကုမ္ပဏီတွေအတွက်သာ အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Apple ကုမ္ပဏီကို အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် Apple ရဲ့ အားသွင်းကြိုးတွေ Type-C ပြောင်းသွားတာဟာ EU ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ဥရောပက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ အလွယ်တကူ အစားထိုးနိုင်မယ့် Battery တွေကို အသုံးပြုဖို့ သူတို့ရဲ့ ထုတ်ကုန် ဒီဇိုင်းတွေကို ပြန်လည် ပြုပြင်ရတော့မှာ ဖြစ်ပါတယ်။

သက်သာခွင့် တစ်ခုပေးထားတာက အခုချမှတ်လိုက်တဲ့ ဥပဒေဟာ ချမှတ်တဲ့ရက်ကစလို့ နောက်ထပ် ၃နှစ်ခွဲမှ စတင်အသက်ဝင်မယ်လို့ ဖော်ပြထားတာကြောင့် ဒီဥပဒေဟာ ၂၀၂၇ ခုနှစ် အစောပိုင်းမှသာ အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥရောပက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပြောင်းလဲဖို့ အချိန်ရနေ ပါသေးတယ်။ ဒီလိုဆိုတော့ ၂၀၂၇ ခုနှစ်မှာ ထွက်ရှိလာမယ့် Apple ရဲ့ ထုတ်ကုန်တွေမှာ အလွယ်တကူ အစားထိုးနိုင်မယ့် Battery တွေကို အသုံးပြုလာတော့မှာ ဖြစ်တာကြောင့် ဘယ်လိုပုံစံ ပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Exit mobile version