EU ရဲ့ A.I Laws တွေက U.S က Tech Giants တွေကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်လဲ

A.I တွေထွန်းကားလာတာနှင့်အတူ ထိန်းချုပ်မှုတစ်ခုလည်း လိုအပ်လာပါတယ်။ အထူးသဖြင့် A.I အမည်တပ်ပြီး လူတွေရဲ့ privacy တွေကို အလွယ်တကူချိုးဖောက်တာမျိုး၊ လူသားတွေအတွက် ကောင်းကျိုးလို့အမည်တပ်ပြီး လက်တွေ့မှာဆိုးကျိုးတွေဖြစ်နေတာကို တားဆီးဖို့ A.I Laws တွေပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ Laws တွေကို မလိုက်နာတဲ့ companies တွေအနေနှင့် ဥပဒေအတိုင်းအရေးယူခံရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Tech Giants တွေဖြစ်တဲ့ Microsoft, Google နှင့် Meta တွေကို A.I laws တွေက အဓိက ရည်ရွယ်ထားတာဖြစ်ပါတယ်။ A.I laws တွေက နည်းပညာမဟုတ်တဲ့ Non-Tech firms တွေလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

AI Act ဆိုတာဘာလဲ

AI Act ဆိုတာကတော့ EU legislation က အသိအမှတ်ပြုပြီး ထုတ်ပြန်တဲ့ စည်းမျဉ်းတစ်ခု ဖြစ်ပါတယ်။ ဒီစည်းကမ်းကိုတော့ EU တစ်ခွင်က AI companies တွေနှင့် နည်းပညာ companies တွေလိုက်နာရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဒီစည်းမျဉ်းတွေမှာ အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မရပဲ Data တွေကို train တာမျိူးနှင့် ငွေကြေးဆိုင်ရာကိစ္စတွေမှာ အသုံးပြုခြင်းတွေ ဖြစ်ပါတယ်။ အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားတွေ၊ ဆေးဝါးနယ်ပယ်မှာ အသုံးပြုတဲ့ devices တွေ၊ ဘဏ်က ငွေချေးပေးတဲ့အခါ အလိုအလျောက် ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ AI system၊ Biometric Data တွေကို သိမ်းဆည်းထားပီး AI ကို train တဲ့ companies များ စသဖြင့် Tech Companies တွေက AI Act ကို သိရှိထားရပြီး လိုက်နာရမှာ ဖြစ်ပါတယ်။ ယခုလို EU က ထုတ်ပြန်လိုက်တဲ့ AI Act က U.S မှာရှိတဲ့ Tech Giants တွေက တစ်သွေမသိမ်းလိုက်နာရတော့မှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ သူတို့ရဲ့​ product တွေကို တစ်ကမ္ဘာလုံး သုံးဆွဲနေရ​တာကြောင့် ဖြစ်ပါတယ်။

AI companies တွေအနေနှင့် Risk ကြီးမားပုံအဆင့်ဆင့် ပြသထားပုံ

Generative AI companies တွေအနေနှင့်လည်း ယခုထုတ်ပြန်ထားတဲ့ A.I Act ကို လိုက်နာရတော့မှာ ဖြစ်ပါတယ်။ အချို့ laws တွေကို ခွင့်ပြုထားပေမယ့် မကြာခင် ၂၀၂၆ ခုနှစ်မှာတော့ AI Act က အားလုံးလိုက်နာ​ရမယ့် အရာတစ်ခု ဖြစ်လာတော့မှာပါ။ AI Act ကို ချိုးဖောက်တဲ့ companies တွေအနေနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာမှာ ဝင်တဲ့ဝင်ငွေရဲ့ ၇% ကို ဒဏ်ကြေးအနေနှင့် ​ပေးဆောင်ရဖွယ်ရှိပါတယ်။

Exit mobile version