EU ရှိ Apple App Store မှာ ပါဝင်ခွင့် ရခဲ့ပေမယ့် ပြင်ဆင်မှု အနည်းငယ် ပြုလုပ်ရအုံးမယ့် Epic Games App Store

EU ရဲ့ Digital ဥပဒေအရ Apple ဟာ Third-Party App Store များကို ခွင့်ပြုပေးရတော့မှာ ဖြစ်တာကြောင့် Epic Games App Store ကို Apple App Store မှာ တင်ခွင့် ပေးလိုက်ပေမယ့် ပြင်ဆင်မှု အနည်းငယ် ပြုလုပ်ပေးရအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

Epic Games ရဲ့ CEO Tim Sweeney ပြောပြမှုအရ အခု ရရှိထားတဲ့ ခွင့်ပြုချက်ဟာ ယာယီသာဖြစ်ပြီး Epic Games App Store ထဲမှာ အသုံးပြုထားတဲ့ ခလုပ်များရဲ့ UI Design များဟာ Apple App Store ရှိ ခလုပ်များရဲ့ UI Design နဲ့ ဆင်တူနေတာ‌ကြောင့် ပြန်လည် ပြုပြင်ပေးရအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။ Epic Games ဘက်မှ ရှင်းပြမှုမှာ Design အပိုင်းမျှသာ ဖော်ပြခဲ့ပေမယ့် အမှန်တကယ်တော့ Back-End အပိုင်းမှာပါ အရှုပ်အရှင်းတွေ ထပ်ရှိနေသေးတာ ဖြစ်ပြီး အဲတာတွေ အားလုံးကို နောက် Version အသစ်မှာ Epic Games ဘက်မှ ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။

Apple ဟာ အသုံးပြုသူများရဲ့ လုံခြုံရေးကို စိတ်မချတာကြောင့် Third-Party App Store များကို သူတို့ရဲ့ Platform ပေါ် တင်ခွင့် မပေးချင်ပေမယ့် EU ရဲ့ Digital ဥပဒေအရ မဖြစ်မနေ ခွင့်ပြုရတော့မှာ ဖြစ်သလို Epic Games ဘက်ကလည်း ငွေပေးချေမှုစနစ် အတွက် Apple ကို ကော်မရှင် မပေးချင်တာကြောင့် အခုလို ပြဿနာများနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Exit mobile version