Unicode Consortium ဟာ Emoji Version 15.1 ကို ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဆိုလိုတာက မကြာမီ ကျွန်တော်တို့ဖုန်းထဲမှာ Emoji အသစ်တွေကို မြင်ရတော့မှာပဲ ဖြစ်ပါတယ်။
Emojipedia က ထုတ်ပြန်ထားချက်အရ Emoji 15.1 မှာ ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်း၊ ဖီးနစ်ငှက်၊ သံပုရာသီး၊ အညိုရောင်မှို၊ ပျက်နေတဲ့ Chain ကြိုးနှင့် မိသားစုနဲ့ သက်ဆိုင်တဲ့ Emoji များ စတဲ့ Emoji အသစ်တွေ ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ၎င်း Emoji အသစ်တွေထဲမှာ လူသုံးများနိုင်မယ့် Emoji တွေကတော့ ခေါင်းညိတ်၊ ခေါင်းခါ Emoji နဲ့ ဖီးနစ်ငှက် Emoji တို့ ဖြစ်နိုင်ကြောင်း ခန့်မှန်ထားကြပါတယ်။
Unicode Consortium ကုမ္ပဏီက Emoji Version 15.1 ကို ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ မကြာမီမှာ ၎င်း Emoji အသစ်တွေကို မြင်ရတော့မှာ ဖြစ်ပြီး အခုလက်ရှိအထိ ထုတ်ထားပေးတဲ့ Emoji တွေ အားလုံးကို အသုံးပြုခွင့် မရဘူး ဖြစ်နေပါက Unicode Consortium ကို Proposal တင်ကာ တောင်းခံနိုင်မှာ ဖြစ်ပါတယ်။ Proposal တင်ခြင်းကို 2024 ခုနှစ် ဧပြီလမှာ ပြန်လည်ဖွင့်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။