Elon Musk ရဲ့ supercomputers တွေက သူ့ရဲ့လုပ်ငန်းတွေကို တိုးတက်အောင်လုပ်ဖို့ ဘယ်လိုမျှော်မှန်းထားလဲ

Elon Musk က အခုဆိုရင် supercomputers တွေကို ဖန်တီးနေပြီ ဖြစ်ပါတယ်။ Tesla ရဲ့ CEO တစ်ယောက်အနေနှင့် သူ့ရဲ့ AI startup လုပ်ငန်းက အနာဂတ်မှာ သူ့လုပ်ငန်းတွေကို ပြောင်းလဲအောင်လုပ်ပေးနိုင်တဲ့ plan တွေကို စီစဥ်နေပြီဖြစ်ပါတယ်။ ဇန်န၀ါရီလက Tesla ကို car company တစ်ခုအနေနှင့် မမြင်စေချင်ပဲ AI/Robotics company အနေနှင့် မြင်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ Tesla မှာ custom-built လုပ်ထားတဲ့ computer ကို Dojo လို့အမည်ပေးထားပါတယ်။ ထို့အပြင် ကန်ဒေါ်လာ ၅၀၀ မီလီယံကို New York မှာ တည်ဆောက်မယ့် စူပါ ကွန်ပျူတာအတွက် အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

Dojo က Tesla ကားအသုံးပြုသူတွေရဲ့ data တွေကို အသုံးပြုပြီး AI model ကို train သွားမယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် Autopilot ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားဖို့အတွက်လို့ သိရပါတယ်။ လက်ရှိမှာ Full Self-Driving (FDS) feature ကို အသုံးပြုဖို့အတွက် လစဥ်ကြေး ၉၉ ဒေါ်လာ နှင့် သတ်မှတ်ထားပြီး အသုံးပြုသူပေါင်း မီလီယံနှင့်ချီ ရှိပါတယ်။ ထို အသုံးပြုသူတွေရဲ့ video တွေကို Tesla က ဖမ်းယူထားပြီး AI model ကိုပိုမိုကောင်းမွန်လာအောင် train နေတာဖြစ်ပါတယ်။ FSD feature တွေပြောနပေမယ့် လက်တွေ့မှာတော့ Tesla ကိုယ်တိုင် မောင်းနှင်သူက အမြဲအဆင်သင့်ရှိနေဖို့လိုတယ်လို့ တရား၀င်ပြောကြားထားပါတယ်။ Dojo က ၂၀၂၃ ခုနှစ်ထဲက စတင်အသုံးပြုနေပေမယ့် အနာဂတ်မှာ ပြောင်းလဲလာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ August လမှာ ထွက်ရှိလာမယ့် Robotaxi event ကလည်း အောက်တိုဘာလကို နောက်ဆုတ်သွားခဲ့ပါတယ်။ Dojo ကို Tesla ရဲ့ humanoid robot ဖြစ်တဲ့ optimus အတွက်လည်း အသုံးပြုသွားမယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

Elon Musk ရဲ့ supercomputers တွေက သူ့ရဲ့လုပ်ငန်းတွေကို တိုးတက်အောင်လုပ်ဖို့ ဘယ်လိုမျှော်မှန်းထားလဲ 1

Musk က စူပါကွန်ပျူတာတွေနှင့် ပတ်သက်လာရင် စွန့်စားမှုအရမ်းလုပ်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲက develop လုပ်နေတဲ့ AI startup လည်း မည်သည့်နည်းနှင့် ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ OpenAI ကို တည်ထောင်ခဲ့တဲ့အထဲမှာ Elon Musk လည်း ပါ၀င်ခဲ့ပြီး ၂၀၁၈ မှာတော့ နှုတ်ထွက်ခဲ့ပါတယ်။ ယခုချိန်မှာတော့ OpenAI CEO နှင့် တင်းမာမှုတွေရှိနေပြီး သူ့ရဲ့ super computers တွေက ပြိုင်ဖက်တွေကို ယှဥ်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version