Electronic Arts (EA) Video Game Company က ‘Lord of the Rings: Heroes of Middle-earth’  Mobile Game ကို မိတ်ဆက်

EA Company က Lord of the Rings: Heroes of Middle-earth’ Mobile Game ကို  Free-To-Play အနေဖြင့် May လ ၁၀ ရက်နေ့တွင် စတင့်ဖြန့်ချီမည် ဖြစ်ကြောင်းကြေညာ ခဲ့ပါတယ်။ EA က ၂၀၀၉ ခုနှစ်မှာ LOTR Game ကို စတင်မိတ်ဆက်ခဲ့ ပြီး အခုမိတ်ဆက်ထားတဲ့ LOTR: Heroes of Middle-earth’ ကလဲ ယခင် LOTR Game 5 ခုနဲ့ အချိတ်ဆက်ရှိကြောင်း သိရှိရပါတယ်။ မနေ့က LOTR: Heroes of Middle-earth Gameplay Trailer ကို EA ကမိတ်ဆက်ခဲ့ပါတယ်။

‘Lord of the Rings: Heroes of Middle-earth’ is The free-to-play mobile game’s first real trailer.

EA က အဆိုပါဂိမ်းကို “stylized realism art style”တွေနဲ့ ရေးဆွဲထားပြီး Wanderers, Warriors, and Wizards အစရှိတဲ့ LOTR character များပါဝင်မှာ ဖြစ်ပါတယ်။ LOTR Middle-earth ကို Story, PVP နဲ့ တစ်ခြား gameplay modes များနဲ့ ဖန်တီးထားတဲ့ လို့ Company က ပြောကြားထားပါတယ်။ အဆိုပါ Game Character များကို The Lord of the Rings and The Hobbit ဇာတ်ကားတွေမှာ ပါဝင်တဲ့ Character များရဲ့ အမူအရာ/တိုက်ခိုက်ပုံစံ တွေကို အခြေခံပြီး ရေးဆွဲထားတယ်လို့ သိရှိရပါတယ်။ Heroes of Middle-earth ကို May လ ၁၀ ရက်နေ့မှာ iOS နဲ့ Android ပေါ်တွင် စတင်ကစားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Lord of the Rings: Gollum (PC) Version ကိုလဲ May လ 25 ရက်နေ့တွင် စတင်ရောင်းချမယ်လို့ သိရှိရပါတယ်။

Exit mobile version