YouTube Video များကို တိုက်ရိုက် ဘာသာပြန်ပေးတဲ့ AI Feature အသစ်ထည့်ပေးလိုက်တဲ့ Edge

Microsoft ရဲ့ Edge ဟာ YouTube ၊ LinkedIn ၊ Coursera အစရှိတဲ့ Sites တွေရှိ Videos များကို တိုက်ရိုက်ဘာသာပြန်နိုင်တဲ့ AI Feature အသစ် ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Edge မှာ ပါဝင်လာတဲ့ AI Translator ဟာ စပိန်ဘာသာမှ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်ဘာသာမှ ဂျာမန်၊ ဟိန္ဒီ၊ အီတလီ၊ ရုရှားနှင့် စပိန်ဘာသာတို့ကို ဘာသာပြန်ပေးနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် နားမကြားသူများအတွက် အထောက်အကူပြုစေမယ့် AI Features ကိုလည်း ထည့်သွင်းပေးထားကြောင်း သိရပါတယ်။ အဓိကအားဖြင့် YouTube ပေါ်ရှိ Video များနဲ့ Audio များကို Native Speaker နဲ့ အနီးစပ်ဆုံး တူအောင် ဘာသာပြန်ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Edge ရဲ့ Real-Time Translator ဟာ Reuters၊ CNBC နှင့် Bloomberg တို့မှာလည်း အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ နောက်ပိုင်းမှာ အခြားသော Sites များမှာပါ အသုံးပြုနိုင်အောင် ချဲ့ထွင်သွားဖို့ အစီအစဥ်ရှိကြောင်း Edge ရဲ့ ပြောပြမှုအရ သိရပါတယ်။

Exit mobile version