US ရဲ့ ကာကွယ်ရေး ဌာနကို တရားစွဲလိုက်တဲ့ DJI

တစ်ကမ္ဘာလုံးမှာ Drone ထုတ်လုပ်ရေးတွင် အကြီးဆုံး ဖြစ်တဲ့ DJI ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက US ကာကွယ်ရေးဌာနကို တရားစွဲဆိုမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

US ဟာ ၂၀၁၇ မှစလို့ DJI ကုမ္ပဏီ အပေါ် သံသယ စတင်ခဲ့တာ ဖြစ်ပြီး US ARMY က DJI ရဲ့ ထုတ်ကုန်များကို အသုံးပြုမှု စတင် ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ US ပြည်ထဲရေးမှ DJI ကို သူလျှိုရေးရာနဲ့ ပတ်သက်ပြီး အန္တာရယ်ရှိကြောင်း ကြေငြာခဲ့ကာ ၂၀၂၀ ခုနှစ်မှာတော့ US ကုန်သွယ်ရေးဌာနက အရောင်းအဝယ် ကန့်သတ်ရေး စာရင်းထဲသို့ ထည့်သွင်းလိုက်ပါတယ်။ US ဘဏ္ဍာရေးဝန်ကြီးကလည်း ၂၀၂၁ ခုနှစ်မှာ DJI ကို တရုတ်အစိုးနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီအဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အဆင့် ကန့်သတ်မှု စာရင်းထဲသို့ ထည့်သွင်းခဲ့ကာ US ပြည်သူတစ်ရပ်လုံးကိုပါ အသုံးပြုခွင့် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

DJI ဘက်ကလည်း သူတို့အနေနဲ့ တရုတ်အစိုးရနဲ့ ပတ်သက်မှု လုံးဝမရှိကြောင်း ပြန်လည်ခုခံ ပြောဆိုခဲ့တာကြောင့် US ရဲ့ ကာကွယ်ရေးဌာနမှ စိစစ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ စိစစ်မှုတွေ အပြီးမှာ တရုတ်အစိုးရနဲ့ ပတ်သက်နေကြောင်း သတ်သေ တစ်စုံ တစ်ရာမှ မရှိခဲ့တာကြောင့် အောက်လွှတ်တော်မှ DJI ကို အသုံးပြုခွင့် ကန့်သတ်ရေး စာရင်းမှ ထုတ်ပယ်ပေးခဲ့ပါတယ်။ ၎င်းအမှုဟာ ပိတ်သိမ်းသွားခြင်းမရှိပဲ ငြိမ်သက်နေတာ ကြာပြီဖြစ်သလို DJI ကိုလည်း တရုတ်အစိုးရ ကုမ္ပဏီစာရင်းထဲမှာ ထည့်သွင်းထားဆဲ ဖြစ်တာကြောင့် DJI က US ကာကွယ်ရေးဌာနအား သက်သေမရှိဘဲ မတရားစွပ်စွဲမှုနဲ့ ပြန်လည်တရားစွဲလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိ US အာဏာပိုင်များဘက်မှ ပြန်လည်ပြောဆို တုံ့ပြန်တာမျိုး မရှိသေးပဲ DJI ရဲ့ အသစ်ထွက်ရှိတဲ့ Drone နဲ့ ပတ်သက်တဲ့ ပစ္စည်းများကိုတော့ US အတွင်း ရောင်းဝယ်ခွင့် ပိတ်ထားဆဲ ဖြစ်ပါတယ်။

Exit mobile version