Disney Plus မှာ တင်ထားတဲ့ Loki Season 2 Poster မှာ AI Generative Image အသုံးပြုခြင်းနဲ့ ပက်သက်ပြီး ဝေဖန်ခံနေရ

Loki Season 2 ရဲ့ Promotional Poster မှာ AI Generative Image အသုံးပြုထားတယ်လို့ ဝေဖန်ခံနေရကြောင်းသိရှိရပါတယ်။ အဆိုပါ AI Generative Image အသုံးပြုခြင်းနဲ့ ပက်သက်ပြီး Artists အချို့နဲ့ Fan များက အခုလိုမျိုး နာမည်ကြီး Series ရဲ့ Poster ဖန်တီးရာမှာ AI Generative Image အသုံးပြုထားခြင်းက မဖြစ်သင့်ဘူးလို့ ဝေဖန်လျက်ရှိပြီး အနာဂတ်အနုပညာ ဖန်တီးမှုအတွက် စိုးရိမ်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။

Disney Plus မှာ တင်ထားတဲ့ Loki Season 2  Promotional Poster မှာ AI Generative Image အသုံးပြုခြင်းနဲ့ ပက်သက်ပြီး ဝေဖန်ခံနေရ

AI Generative Image များက Artists များရဲ့ စိတ်ကူးစိတ်သန်းနဲ့ အချိန်ပေးပြီး ပုံဖော်ရထားတဲ့ အနုပညာဆန်ဆန် Image များလို ဖန်တီးလို့ မရနိုင်ကြောင်းနဲ့ ၎င်းတို့ကို အသုံးပြုမှု မြင့်တက်လာတာနဲ့အမျှ လူသား အနုပညာရှင်များအတွက် အလုပ်အကိုင် ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်တယ်လို့ ဝေဖန်မှုများ မြင့်တက်လာပါတယ်။ Disney ကတော့ Loki Series မှာ Generative Image အသုံပြုထားခြင်းကို အတည်မပြုထားပေမယ့် အဆိုပါ ဝေဖန်ခံနေရတဲ့ အစီရင်ခံစာကိုလဲ ငြင်းဆိုထားခြင်းမရှိကြောင်းသိရှိရပါတယ်။နောက်ပိုင်း အဆိုပါ ဝေဖန်ခံရတဲ့အပေါ် Company ဘက်က ဘယ်လိုတုံ့ပြန် ဖြေရှင်းမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version