Discord က အုပ်ထိန်းသူ မိဘများ အတွက် Family Center လို့ခေါ်တဲ့ Tool အသစ်တစ်ခုကို မိတ်ဆက်

Discord မှာ အုပ်ထိန်းသူ မိဘများ အတွက် ၎င်းတို့ရဲ့ ဆယ်ကျော်သက်ကလေးများ ဘယ်သူနဲ့ စကားပြောနေလဲ၊ ဘာတွေလုပ်နေလဲ ဆိုတာ စောင့်ကြည့်နိုင်မယ့် Family Center လို့ ခေါ်တဲ့ Tool တစ်ခုကို ထည့်သွင်းလိုက်ကြောင်း Company က ကြေညာခဲ့ပါတယ်။ ခေတ်မှီတိုးတက်လာတာ နဲ့ အမျှ Social Media အသုံးပြုခြင်းရဲ့ ကောင်းကျိုးများရှိသလို ဆိုးကျိုးတွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်သွားကြတဲ့ ဆယ်ကျော်သက်လူငယ်များစွာလဲရှိနေပါတယ်။ အဆိုပါ ဆိုးကျိုးများကို မိမိတို့ရဲ့ ကလေးများအပေါ် မသက်ရောက် နိုင်အောင် အုပ်ထိန်းသူများ အနေနဲ့လဲ သတိထားစောင့်ကြည့်သင့်ပါတယ်။ Discord ပေါ်မှာ ဆယ်ကျော်သက်များအတွက် Social Media ရဲ့ ဆိုးကျိုးများကို ကာကွယ်ရန် ရည်ရွယ်ပြီး Family Center လို့ခေါ်တဲ့ Tool တစ်ခုကို ထည့်သွင်းလိုက်တယ်လို့ Company က ပြောကြားထားပါတယ်။

အုပ်ထိန်းသူများအနေ နဲ့ Family Center Tool နဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုပါက အရင်ဆုံး မိမိတို့ ကလေးများရဲ့ Discord အကောင့်က နေ Family Center အတွက် ပြုလုပ်ထားတဲ့ QR Code ကို အရင်ယူရမှာဖြစ်ပြီး အဆိုပါ QR Code ကို မိမိတို့ရဲ့ အကောင့်မှာ Scan ဖတ်ပြီး စောင့်ကြည့်ချင်း ကို လက်ခံကြောင်း ကလေးငယ်များရဲ့ အကောင့်မှာ Accept ပြုလုပ်မှသာ Family Center Tool ကို စတင်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

Exit mobile version