Unity ရဲ့ ဈေးနှုန်းအသစ်ချမှတ်ခြင်းကို Developer များကန့်ကွက်

iOS နဲ့ Android Games များရဲ့ Search Engine ကို ဖန်တီးထားတဲ့ Unity နည်းပညာကုမ္ပဏီကြီးဟာ သူတို့ရဲ့ Platform ပေါ်မှာ တင်ထားတဲ့ Game များနဲ့ ပတ်သက်ပြီး အခကြေးငွေကောက်ခံတဲ့ ဈေးနှုန်းကို ပြောင်းလဲတော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

၎င်းထုတ်ပြန်ချက်ကို Developers များ အထူးသဖြင့် Mobile Game နဲ့ ပတ်သက်တဲ့ Developers များက မကျေနပ်ကြတာကြောင့် ကုမ္ပဏီပေါင်း (၁၉) ခုမှ Developers များ စုပေါင်းပြီး Unity ကုမ္ပဏီကို ဈေးနှုန်းပြောင်းလဲမှုနဲ့ ပတ်သက်ကာ ပြန်လည်သုံးသပ်ရန် စာပို့ခဲ့ကြောင်း သိရပါတယ်။ ၎င်းစာဟာ အခြား Developers များရဲ့ ခံစားချက်နဲ့ တူညီကြောင်း ဖော်ပြထားတယ်လို့လည်း သိရပါတယ်။

Developers များရဲ့ စာထဲမှာ “ချက်ခြင်းတုံ့ပြန်တဲ့အနေနဲ့ ၎င်းပြောင်းလဲမှုကို ပြန်လည်းစဥ်းစားလို့ မပြီးမခြင်း ကျွန်တော်တို့ရဲ့ Projects အားလုံးရှိ IronSource နှင့် Unity Ads monetization တွေကို ပိတ်ထားမှာ ဖြစ်ကြောင်း” ရေးသားထားတယ်လို့လည်း သိရပါတယ်။ စုစည်းထားတဲ့ ကုမ္ပဏီ (၁၉)ခုမှာ Game ထောင်နဲ့ချီကာ ဖန်တီးထားတဲ့ ကုမ္ပဏီတွေပါဝင်သလို သူတို့ရဲ့ Games တွေကို Download လုပ်ထားသူ ဘီလီယံနဲ့ချီကာ ရထားတဲ့ကုမ္ပဏီကြီးလည်းတွေ ပါဝင်နေတာကြောင့် Unity ဟာ ၎င်းကုမ္ပဏီတွေရဲ့ Game တွေမှ ဝင်ငွေရတော့မှာ မဟုတ်ပါဘူး။၂

၂၀၁၉ ခုနှစ်တုန်းကလည်း TOS စည်းမျဥ်းအရ Improbable ကုမ္ပဏီနဲ့ ပတ်သက်တဲ့ လိုင်စင်ကို ဖျက်သိမ်းခဲ့ပြီး ၎င်းလုပ်ရပ်ဟာ လူ့အဖွဲ့အစည်းကို ထိခိုက်စေတာကြောင့် Improbable ရဲ့ လိုင်စင်ကို ပြန်လည်ထုတ်ပေးခဲ့ရပါသေးတယ်။

Exit mobile version