အိန္ဒိယရှိ Toyota ကုမ္ပဏီဟာ Customer Data များ ချိုးဖောက်ခံရနိုင်ချေရှိကြောင်း ထုတ်ပြန်

Toyota India ၏ Customers Data ချိုးဖောက်မှုခံရနိုင်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံရှိ Toyota ကုမ္ပဏီတစ်ခုဟာ Customers အချက်အလက်များ ချိုးဖောက်ခြင်း ခံလိုက်ရတာ ဖြစ်နိုင်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

Toyota India ၏ ပြောကြားမှုအရ Toyota Kirloskar Motor မှ Customers Data များ ချိုးဖောက်ခြင်း ခံလိုက်ရတာဖြစ်နိုင်ကြောင်း အိန္ဒိယရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် Kirloskar အိန္ဒိယ လုပ်ငန်းစုအဖွဲ့တို့အား အသိပေးခဲ့တယ်လို့ သိရပါတယ်။ အကယ်၍ ယခုအမှုဟာ အတည်ဖြစ်ခဲ့ရင် Toyota ဟာ ၂၀၂၃ မှာ ပထမဦးဆုံး hack ခြင်းခံလိုက်ရတဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှစလို့ ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီများဖြစ်တဲ့ Facebook ၊ Twitter ၊ LastPass အစရှိတဲ့ ကုမ္ပဏီများ၏ Customers Data ချိုးဖောက်မှုများ ခံခဲ့ရတာဖြစ်ပြီး ယခု ၂၀၂၃ မှာ ကားထုတ်လုပ်တဲ့ Toyota ကုမ္ပဏီ အထိ Customers Data တွေ ချိုးဖောက်ခြင်း ခံရမလားဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version