ကွန်ပျူတာထဲက ဖိုင်တွေကို ကိုယ်စား အလုပ်လုပ်ပေးမယ့် Copilot AI အသစ်ကို Microsoft စတင်စမ်းသပ်

Microsoft က Windows 10 support ကို တရားဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး၊ လူတွေကို Windows 11 ကို ပြောင်းသုံးလာအောင် AI feature အသစ်တွေ ထည့်သွင်းနေတာ ဖြစ်ပါတယ်။ Microsoft ရဲ့ Copilot AI က ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ local file တွေကို တိုက်ရိုက်အလုပ်လုပ်ပေးနိုင်တာပါပဲ။ ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ဥပမာ – ဓာတ်ပုံတွေရဲ့ size ကို ပြောင်းခိုင်းတာမျိုး၊ ဒါမှမဟုတ် Spotify playlist တစ်ခုထဲကို သီချင်းတွေထည့်ခိုင်းတာမျိုးတွေ လုပ်နိုင်မှာပါ။ ဒါက လူတစ်ယောက်လိုပဲ သင့်အစား mouse နှိပ်တာ၊ စာရိုက်တာတွေ လုပ်ပေးမယ့် AI agent တစ်မျိုးပါပဲ။

ကွန်ပျူတာထဲက ဖိုင်တွေကို ကိုယ်စား အလုပ်လုပ်ပေးမယ့် Copilot AI အသစ်ကို Microsoft စတင်စမ်းသပ်

ဒီ feature က default အနေနဲ့ ပိတ်ထားမှာဖြစ်ပြီး၊ သူ့အတွက် သီးသန့် desktop တစ်ခုထဲမှာပဲ အလုပ်လုပ်မှာပါ။ AI က အလုပ်လုပ်နေတာကို ကိုယ်တိုင်ကြည့်နေနိုင်ပြီး ကြိုက်တဲ့အချိန် ဝင်ထိန်းချုပ်နိုင်ပါတယ်။ Microsoft ကိုယ်တိုင်ကလည်း ဒီ AI က အမှားတွေလုပ်နိုင်သေးတဲ့အတွက် အခုလို လက်တွေ့စမ်းသပ်နေတာပါလို့ ဝန်ခံထားပါတယ်။ ဒါ့အပြင် Start button ဘေးမှာ Copilot shortcut အသစ်တစ်ခုထည့်ပေးတာ၊ screen ပေါ်က အကြောင်းအရာတွေကို စာရိုက်ပြီးမေးနိုင်တာမျိုးတွေလည်း ပါဝင်လာမှာပါ။

Exit mobile version