Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ

သင်က တိလေးတွေကိုချစ်တဲ့ လူတစ်ယောက်ဆိုရင် ဒီပုံလေးတွေကိုကြည့်ပြီး ဘ၀အမောဖြေလိုက်ပါ။ ၂၀၂၃ခုနှစ်ရဲ့ အရယ်ရဆုံးဓါတ်ပုံဆုတွေ ဆွတ်ခူးရရှိသွားတဲ့ ဆရာကြီးတွေကို အတူတူကြည့်ရအောင်။

၁။ ဒီနယ်မှာ တစ်မြောင်တည်းရှိတယ်၊ မိုက်ရင်ထွက်ခဲ့ဆိုတဲ့ ဆရာကြီး

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 1

ဆရာကြီးက “Big Boss is the boss around here.” ခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ ဓါတ်ပုံတစ်ပုံ ဖြစ်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်ကူးခဲ့တဲ့ လူနာမည်ကတော့ Morinaga ဖြစ်ပါတယ်။

၂။ တူးရမှာ အာ၀ုတို့ အလုပ်

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 2

အတူးကောင်းတဲ့ဆရာကြီးနာမည်ကတော့ shadow လို့အမည်ရပါတယ်။ ကမ်းခြေရောက်တိုင်း တွင်းတူးတက်တဲ့ အကျင့်ရှိပြီး ဓါတ်ပုံရိုက်တဲ့အချိန်မှာ ကွက်တိဖြစ်သွားခဲ့တယ်လို့ သူ့သခင် Boynto က ပြောပြခဲ့ပါတယ်။

၃။ ကိုယ် တော်တယ် မဟုတ်လား?

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 3

“Perfect landing pose, right?” ခေါင်းစဉ်နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြောင်ဖြစ်ပါတယ်။ သူ့ပုံကို ရိုက်ကူးခဲ့တဲ့ လူနာမည်က Ono ဖြစ်ပါတယ်။

၄။ မြောင်ရဲ့ အဓိက နေရာကိုတော့ ချမ်းသာပေးပါ

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 4

Free kick ကန်မယ့်အနေအထားမှာ အကာအကွယ်ယူနေတဲ့ မြောင် ဖြစ်ပါတယ်။ “The pressure of football and waiting for a free kick” ခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဓါတ်ဖမ်းတဲ့လူနာမည်က Morinaga ပဲဖြစ်ပါတယ်။

၅။ ညီအမ သုံးဖော်

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 5

ဓါတ်ပုံကို သေချာကြည့်ရင် လူတစ်ယောက်လည်း ပါတာတွေ့ပါလိမ့်မယ်။ သူ့နာမည်က Karin ဖြစ်ပြီး သူ့ခွေးနှစ်ကောင်နဲ့ ရိုက်ထားတဲ့ပုံလေးပါ။

၆။ ခွေးလား ဖျံလား

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 6

ဆိုဖာအောက်ထဲ ဝင်ဆော့တက်တဲ့ Louis ကအမြဲ တင်းနစ်ဘောလုံးနဲ့ ဆော့ပါတယ်။ သူ့သခင် Monyque Macedo Dos Santos က တင်းနစ်ဘောယူလိုက်လို့ စိတ်ဆိုးပြီးပြန် ဟောင်ပါတယ်။ သူ့သခင်ကလည်း ပုံလေးကို အမိအရ ရိုက်ကူးလိုက်တဲ့ အချိန်လေးဖြစ်သွားပါတယ်။

၇။ အဲ့လို ရရောလား အာ၀ုလည်း ပါမယ်

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 7

ဒီပုံကိုရိုက်ကူးခဲ့တဲ့လူကတော့ Porsz ဖြစ်ပြီး ခွေးလေးရဲ့ ပိုင်ရှင်က ဘောလုံးပစ်ပေးလိုက်တဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၈။ ကိုယ့်မျက်စိကို ကိုယ်မယုံနိုင်တဲ့ မြောင်

Comedy Pet Photography Awards ဓါတ်ပုံဆုတွေ ရရှိခဲ့တဲ့ ဆရာကြီးများ 8

အရှေ့ကကြောင်လေးနာမည်က Alex လို့ခေါ်ပြီး အဆော့သန်တဲ့ကြောင်လေးက max ဖြစ်ပါတယ်။ Alex က အမြဲငြိမ်နေတတ်ပြီး Max က တစ်ချိန်လုံးဆော့နေတဲ့ ကြောင်လေးဖြစ်ပါတယ်။ ဓါတ်ပုံရှိက်ကူးခဲ့တဲ့သူကတော့ သူတို့ရဲ့ပိုင်ရှင် Zoghzoghi ဖြစ်ပါတယ်။ ဒီပုံလေးက 2023 Comedy Pet Photography Award ရရှိခဲ့ပြီး ငွေသားအနေနဲ့ အမေရိကန်ဒေါ်လာ ၆၃၆ ရရှိခဲ့ပြီး ကင်မရာအိတ်တစ်လုံးလည်း ရရှိခဲံပါတယ်။

Exit mobile version