iOS အသုံးပြုသူများအတွက် ChatGPT မှ Official App ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Android အသုံးပြုသူများအတွက်လည်း မကြာမှီမှာ ထုတ်ပေးမယ်လို့ သိရပါတယ်။
AI လောကမှာ နာမည်ကြီးနေတဲ့ ChatGPT ဟာ Software အနေနဲ့ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ Apple ရဲ့ Apps Store မှာ ChatGPT လို့ ရှာလိုက်ရင် ChatGPT ရဲ့ ပန်းပွင့်ပုံ Logo ကို အဖြူအမဲ Design နဲ့ တွေ့ရမှာဖြစ်ပြီး Free to Download အနေနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ လက်ရှာမှာ iOS အတွက်ပဲ စတင်ထုတ်လုပ်ပေးလိုက်တာဖြစ်ပြီး Android တွေအတွက်လည်း မကြာမှီမှာ ထုတ်ပေးမယ်လို့ ChatGPT က ပြောထားပါတယ်။

ChatGPT Software ကို Free အသုံးပြုလို့ရမယ်ဆိုပေမယ့် နောက်ဆုံးထွက်ထားတဲ့ GPT-4 ကိုတော့ အသုံးပြုခွင့်မပေးထားဘူးလို့ သိရပါတယ်။ တကယ်လို့ GPT-4 ကို သုံးချင်တယ်ဆိုရင်တော့ Subscribe လုပ်ကာ လစဥ်ကြေးပေးပြီး သုံးလို့ရပါတယ်။ ChatGPT ရဲ့ ပြောပြထားမှုအရ Software ထဲမှာ အသုံးပြုသူတွေစိတ်ကြိုက် ပြုပြင်လို့ရတဲ့ Setting တွေပါဝင်တယ်လို့ သိရပါတယ်။ ဥပမာ – Chat History ကို ဘယ်နှစ်ရက်နေရင် ဖျက်ခိုင်းတာမျိုး အစရှိတဲ့ အရာတွေကို လိုသလို ချိန်ညှိပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အသံနဲ့လည်း ခိုင်းလို့ရမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ရှာခိုင်းချင်တဲ့ အရာတွေကို စာရိုက်နေစရာမလိုပဲ စကားနဲ့ ပြောလိုက်ရုံနဲ့ အလိုအလျှောက်ရှာပေးမှာ ဖြစ်ပေမယ့် Siri နဲ့ Alexa တို့လိုမျိုး အသံနဲ့ ပြန်ပြီး ဖြေပေးမှာမဟုတ်ပါဘူး။ စာသားနဲ့ပဲ ပြန်ဖြေပေးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကတော့ အသုံးပြုသူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်းထဲမှာ AI Power ကို ထည့်သွင်းချင်တယ်ဆိုရင်တော့ အခုပဲ ChatGPT ကို Download လုပ်လို့ရပါပြီနော်။