Windows အတွက် ChatGPT Apps ကို စတင် အသုံးပြုနိုင်ပြီ

OpenAI ဟာ Windows အတွက် ChatGPT Apps ကို ထုတ်ပေးလိုက်ပြီ ဖြစ်တာကြောင့် Microsoft Store မှာ Download ရယူနိုင်ပြီ ဖြစ်ပါတယ်။

Windows အတွက် ChatGPT Apps ကို လက်ရှိမှာ ChatGPT အား ဝယ်ယူ အသုံးပြုထားသူများသာ အသုံးပြုနိုင်အုံးမှာ ဖြစ်ကြောင်း သိရပါတယ်။ အစပဲ ရှိသေးတာကြောင့် Advanced Voice Mode လိုမျိုး နောက်ပိုင်းမှ အဆင့်မြှင့်ထားတဲ့ Feature တချို့ကိုတော့ အသုံးပြုလို့ မရသေးဘူးလို့လည်း သိရပါတယ်။ ChatGPT Apps ကို PC ထဲတွင် သီးသန့် Apps တစ်ခု အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို Shortcut အနေနဲ့ Alt+Space ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Windows အတွက် ChatGPT Apps ကို ChatGPT Plan တစ်ခုခုအား ဝယ်ယူထားမှသာ အသုံးပြုနိုင်မယ် ဆိုပေမယ့် ဒီနှစ်အကုန်လောက်မှာတော့ ကျွန်တော်တို့ အားလုံး အသုံးပြုနိုင်အောင် ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version