ChatGPT ဆိုတာဘာလဲ?၊ ဘယ်လိုသုံးမလဲ?

Introduction to ChatGPT Guide

ChatGPT ဆိုတာ OpenAI အဖွဲ့အစည်းက ဖန်တီးထုတ်လုပ်ထားတဲ့ AI နည်းပညာသုံး Chatbot တစ်ခုဖြစ်ပါတယ်။ အင်တာနက်တစ်ခွင်မှာရှိတဲ့ ဒေတာပေါင်းများစွာနဲ့ Train ထားတာ ဖြစ်တဲ့အပြင် ကိစ္စရပ်တစ်ခု၊ အကြောင်းအရာဖြစ်စဉ်တွေကိုပါ အလိုအလျောက် သုံးသပ်နိုင်ပြီး ကောင်းမွန်တဲ့အဖြေတွေကိုပါ ပြန်လည်ဖြေကြားပေးတဲ့ AI နည်းပညာသုံး Chatbot တစ်ခုဖြစ်ပါတယ်။

အင်တာနက်တစ်ခွင်မှာရရှိနိုင်တဲ့ ဒေတာအားလုံးအပေါ် Train ထားတဲ့ ChatGPT ဟာ အခုဆိုရင် စာမေးပွဲတွေမှာတောင် အောင်မြင်စွာ သူ့ဟာသူဖြေဆိုနိုင်နေပါပြီ။

အမေး – ChatGPT ကို ဘာအတွက်သုံးလို့ရလဲ?

အဖြေ – ကျနော်တို့ မသိသေးတဲ့ ကိစ္စတွေ၊ ဖြေရှင်းဖို့ ခက်နေတဲ့ ကိစ္စတွေအတွက် သုံးလို့ရတယ်လို့ဘဲ ရိုးရှင်းစွာဖြေပါရစေ။ Marketing နယ်ပယ်အတွက်ဘဲသုံးသုံး၊ စာမရလို့ စာမေးချင်ရင်ဘဲ မေးမေး၊ နည်းပညာနယ်ပယ်အတွက်ဘဲ သုံးသုံး၊ ကျန်းမာရေးနယ်ပယ်အတွက်ဆိုလည်း အထောက်အကူဖြစ်ပါတယ်။ တစ်ခုရှိတာက AI ကိုခိုင်းဖို့အတွက် မိမိမှာလည်း AI ကို မေးတတ်ဖို့ စကားလုံးတွေ ( keywords )တွေ သိထားဖို့လိုပါတယ်။

စာနဲ့ဆက်ရေးနေရင်လည်း စာရှည်မှာမို့ MyanmarEndUser ကနေ Video အနေနဲ့ ChatGPT Guide ကိုတင်ဆက်ပေးလိုက်ပါတယ်။ Video ထဲမှာ ChatGPT အခြေခံ အသုံးပြုနည်းကို တင်ဆက်ပေးထားတာ ဖြစ်လို့ ဒီထက်ပိုတဲ့ ရလဒ်ကောင်းတွေလိုချင်တော့ Google Search မှာဘဲ ChatGPT Advanced အသုံးပြုနည်း Guide တွေကို လေ့လာနိုင်ပါတယ်။

MyanmarEndUser မှ တင်ဆက်ထားသော AI ဆိုင်ရာပိုစ့်များ

Exit mobile version