ChatGPT နဲ့ Copilot တို့ WhatsApp မှ နှုတ်ဆက်ထွက်ခွာ

ChatGPT နဲ့ Copilot တို့ဟာ WhatsApp က ထုတ်ပြန်လိုက်တဲ့ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက် အသစ်ကြောင့် WhatsApp Messenger App မှ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

WhatsApp က အောက်တိုဘာလမှာ အသစ်ထုတ်ပြန်ခဲ့တဲ့ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်အရ WhatsApp ရဲ့ Business API ကို အသုံးပြုပြီး AI Chatbot တွေကို လူသိများအောင် ပြုလုပ်နေတာကို ခွင့်မပြုတော့တာကြောင့် ၎င်း AI ကုမ္ပဏီတွေကို WhatsApp ကနေ ၂၀၂၆ ခုနစ် ဇန်နဝါရီလ ၁၅ရက် နောက်ဆုံးထားပြီး Ban မှာဖြစ်ပါတယ်။ ဒါ့ကြောင့် OpenAI က ပြီးခဲ့တဲ့အပတ် အနည်းငယ်လောက် ကတည်းက WhatsApp မှ နှုတ်ဆက်ကြောင့် ထုတ်ပြန်ခဲ့ပြီး အခုမှာ Microsoft က ထပ်မံပြောကြားလာတာ ဖြစ်ပါတယ်။

ဒါဟာ Meta အတွက် ကြီးမားတဲ့ အကြိုးအမြတ် ရရှိစေမယ့် တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့် ရိုးရှင်းတဲ့ အစီအစဥ်ပဲ ဖြစ်ပါတယ်။ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက် အသစ်ကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ကစပြီး WhatsApp Platform မှာ Meta AI မှလွဲလို့ တခြား Third-party AI တွေအားလုံး ပျောက်ကွယ်သွားမှာ ဖြစ်တာကြောင့် Meta AI ကို အသုံးပြုသူ များပြားလာစေမှာ ဖြစ်ပါတယ်။

Exit mobile version