ChatGPT ရဲ့ အမွှာဖြစ်တဲ့ FraudGPT

စာဖတ်သူတို့အားလုံး ChatGPT က ဘာလဲဆိုတာတော့ သိပြီးသားဖြစ်လောက်ပါပြီ။ အကြောင်းအရာ နယ်ပယ်ပေါင်းစုံက လူတိုင်းအတွက် အသုံးဝင်တဲ့ ChatGPT ကို အားလုံးသိကြပေမယ့် အမှောင်လောကထဲက FraudGPT ကိုတော့ မသိကြသေးပါဘူး။ ChatGPT က Open Source AI ဖြစ်သလိုမျိုး FraudGPT ကိုလည်း အမှောင်လောကသားတွေက တီထွင်ထားတာရှိပါတယ်။ FraudGPT ကို Dark Web မှာ အသုံးပြုနိုင်ပြီး အမှောင်လောကသားတွေအားလုံးရဲ့ အကြိုက်တစ်ခုလည်းဖြစ်ပါတယ်။ Dark Web ကို Tor Browser နဲ့ အသုံးပြုနိုင်ပြီး ရာဇဝတ်ကောင်တွေအများစု အသုံးပြုကြပါတယ်။

ChatGPT မှာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ဖို့ ဘယ်လိုစလုပ်ရမလဲ၊ ဒါမှမဟုတ် နယူကလီးယားကုဒ်တွေကို ဘယ်လို Hack ရမလဲ စသဖြင့် အကြောင်းအရာတွေမေးတဲ့အခါ ChatGPT က သူမလုပ်နိုင်စွမ်းသာ ပြန်ပြောပါလိမ့်မယ်။ ဒါ့အပြင် Bank Account တွေကို Hack ဖို့ ဘယ်နေရာက စရမလဲ စသဖြင့် မေးတဲ့အခါလည်း ထို့နည်းတူ ပြန်ပြောပါလိမ့်မယ်။ FraudGPT ကိုမေးရင်တော့ ဒီလိုပြောမှာ မဟုတ်ပါဘူး။ ပထမဦးဆုံး FraudGPT အကြောင်းကို ကြည့်ရအောင်

ChatGPT ရဲ့ အမွှာဖြစ်တဲ့ FraudGPT 1

FraudGPT ဆိုတာဘာလဲ?

FraudGPT ဆိုတာက ChatGPT နဲ့ပုံစံအားလုံးတူပြီး အသုံးပြုရတာလည်း တူပါတယ်။ FraudGPT က သူ့ Service ကို ကြော်ငြာတဲ့အခါ နည်းလမ်းတစ်နည်းထဲပဲ အသုံးပြုခဲ့ပါတယ်။ ChatGPT ကိုမေးလို့မရတဲ့ အရာတွေသူ့ကို လာမေးမြန်းနိုင်တယ်ဆိုပြီး စျေးကွက်ကိုထိုးဖောက် ဝင်ရောက်ခဲ့ပါတယ်။ ChatGPT ကို Free Version အသုံးပြုနိုင်ပေမယ့် FraudGPT ကို အလကားအသုံးပြုခွင့်မပေးထားပါဘူး။ FraudGPT ကို အသုံးပြုမယ်ဆိုရင် Subscription အနေနဲ့ တစ်လစာ ဒေါ်လာ၂၀၀ ပေးရမှာဖြစ်ပြီး တစ်နှစ်စာ Member ဝင်မယ်ဆိုရင်တော့ ဒေါ်လာ၁၇၀၀ ပေးရမှာဖြစ်ပါတယ်။ (FraudGPT မှာ ဘာတွေမေးနိုင်လဲဆိုတာတော့ ထည့်သွင်းမရေးသားတော့ပါဘူး)

FraudGPT က ဘယ်လိုအလုပ်လုပ်လဲ?

ယခုဖော်ပြမယ့် အကြောင်းအရာက FraudGPT ကို အသုံးပြုဖို့အတွက် အားပေးရေးသားတာမျိုးမဟုတ်ပါ။ ဗဟုသုတတစ်ခုအနေနဲ့ သိရှိရန်အတွက် ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ FraudGPT က ChatGPT လိုမျိုး မေးခွန်းတွေကိုမေးမြန်းနိုင်ပြီး အဖြေတွေကို Generate လုပ်ပေးပါလိမ့်မယ်။ အထူးသဖြင့် Hackers အများစုက သူတို့ Hack မယ့် Softwares, Bank Account တွေအတွက် Codes တွေကို ခေါင်းခြောက်ခံပြီး စဉ်းစားစရာမလိုပဲ FraudGPT ကို မေးလိုက်ရုံနဲ့ Codes တွေ တန်းကျလာမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်က FraudGPT နဲ့ WormGPT ရဲ့နောက်ကွယ်မှာ တူညီတဲ့လူတစ်ယောက်ပဲ ဖြစ်နေတာကို The Netenrich Group က တွေ့ရှိခဲ့တာပါပဲ။

ChatGPT ရဲ့ အမွှာဖြစ်တဲ့ FraudGPT 2

မည်သို့ပင်ဖြစ်စေ၊ Hackers တွေက Security ပေါက်အောင် Consumers တွေဆီကို ကိုယ်ပိုင်အချက်အလက် ထည့်သွင်းရေးသားမယ့် Link, Web Page တစ်ခုခုပို့မှာ ဖြစ်ပါတယ်။ Consumer တွေအနေနဲ့ ကိုယ်ပိုင်အချက်အလက်တွေကို အင်တာနက်မှာ ထည့်သွင်းတဲ့အခါ ဘယ်အရာကိုမှ မယုံကြည်ဖို့ တိုက်တွန်းပါတယ်။ ChatGPT တောင် ကိုယ့်ရဲ့ အချက်အလက်တွေကို အပြည့်အ၀ ကာကွယ်နိုင်စွမ်းမရှိပါဘူး။ FraudGPT လိုမျိုး DarkAI တွေက Hackers တွေကိုကူညီဖို့အတွက် စက္ကန့်ပိုင်းအတွင်း အဖြေတွေပေးလာနိုင်နေပါပြီ။

Exit mobile version