ChatGPT ကို အသုံးပြုထားမှန်း တန်းသိနိုင်တဲ့ GPTZero

ChatGPT က နေ့စဉ်ဘ၀မှာ အသုံးဝင်ပေမယ့် တစ်ချို့ နယ်ပယ်တွေမှာတော့ ChatGPT က ဒုက္ခပေးနေပါတယ်။ ဥပမာအားဖြင့် ပညာရေးနယ်ပယ်တွေမှာ ကျောင်းသားတွေက Assignment လုပ်တဲ့နေရာတွေမှာ၊ လုပ်ငန်းခွင်မှာအလုပ်လျှောက်တဲ့အခါ ChatGPT ကို အသုံးပြုပြီးရေးသားထားတဲ့ စာများ၊ အတွေ့အကြုံတွေက လက်တွေ့နဲ့ကွာခြားတာမျိုးတွေ ဖြစ်နေတက်ပါတယ်။ ဒီလိုနေရာတွေမှာ GPTZero ကို အားကိုးလိုက်ရုံနှင့် လူကိုယ်တိုင်ရေးသားထားတဲ့ အကြောင်းအရာလား ChatGPT ရေးသားထားလားဆိုတာ တန်းသိနိုင်ပါတယ်။

ChatGPT ကို အသုံးပြုထားမှန်း တန်းသိနိုင်တဲ့ GPTZero 1

GPTZero ဆိုတာက web app တစ်ခုဖြစ်ပြီး ရေးသားထားတဲ့စာကို ထည့်သွင်းလိုက်ရုံနှင့် လူစစ်စစ်ကိုယ်တိုင် ရေးသားထားလား၊ ChatGPT ရေးသားထားလား တန်းပြီးအဖြေထုတ်နိုင်ပါတယ်။ GPTZero ကို ၂၀၂၃ ခုနှစ်မှာ Edward Tian လို့အမည်ရှိတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖန်တီးခဲ့တာဖြစ်ပါတယ်။ Microsoft မှာလည်း Intern အနေနှင်် လုပ်ကိုင်ခဲ့တဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ GPTZero က အခမဲ့အသုံးပြုလို့ရပြီး free account အနေနှင့် တစ်နာရီကို documents ပေါင်း ၄၀ကျော် အသုံးပြုလို့ရပါတယ်။ ဒီထက်ပိုပြီး အသုံးပြုချင်တဲ့ users တွေအနေနှင့်တော့ လစဉ်ကြေးတွေရှိပါတယ်။

GPTZero က အလုပ်ဘယ်လို လုပ်လဲ

ChatGPT ကို အသုံးပြုထားမှန်း တန်းသိနိုင်တဲ့ GPTZero 2

လူတွေရေးသားထားတဲ့စာ အများစုက အတက်အကျရှိပြီး Human Error တွေပါပါတယ်။ GPTZero ကတော့ စာသားတွေကို analyze လုပ်ပြီး စာသားတွေကြားက သုံးနှုန်းထားတဲ့ စကားလုံးတွေရဲ့ အသွားအလာကို ဖတ်ပြီး အဖြေတန်းထုတ်ပေးနိုင်ပါတယ်။ GPTZero ကဲ့သို့အခြား App တွေလည်းများစွာ ရှိပါတယ်။ AI နှင့် ရေးသားထားခြင်းကို ဟုတ်မဟုတ် တန်းစစ်ပေးနိုင်တဲ့ app တွေပေါ်လာခြင်းကြောင့် ဆရာတွေအတွက် များစွာအသုံးဝင်လာပါတယ်။ တစ်ကယ့်လက်တွေ့လုပ်ငန်းခွင်မှာတော့ ChatGPT ကိုလည်း လိုအပ်ပါတယ်။ သို့ပေမယ့် အရာအားလုံး AI အပေါ်မှီခိုအားထားတဲ့အခါ လူတွေရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာနိုင်တာကြောင့် လူစွမ်းအားရော၊ AI ရော နစ်မျိုးပေါင်းစပ်ပြီး အလုပ်အတူတူလုပ်ဆောင်သင့်ပါတယ်။

Exit mobile version