ChatGPT ကိုအသုံးပြုပြီး 3D Printing လုပ်နည်း

ChatGPT က နေရာတကာမှာ အသုံးပြုနေကြကြီး 3D Printing လုပ်တဲ့နေရာမှာလည်း အများကြီးကူညီနိုင်ပါတယ်။ 3D Printing လုပ်ဖို့အဓိကလိုအပ်တာကတော့ 3D Printer ပဲ ဖြစ်ပါတယ်။ 3D Printer အသုံးပြုတဲ့နေရာမှာ ကူညီနိုင်ပေမယ့် ChatGPT က 3D Designer နေရာတွေကိုတော့ အစားမထိုးနိုင်ပါဘူး။

ChatGPT ဖြင့် STL File တွေတည်ဆောက်ခြင်း

ChatGPT ကိုအသုံးပြုပြီး 3D Printing လုပ်နည်း 1

STL file အမျိုးအစားက​တော့ 3D Printing လုပ်တဲ့အခါမှာအသုံးပြုတဲ့ file အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပထမဦးဆုံး ChatGPT ကို ကိုယ်လိုချင်တဲ့အရာကို Generate လုပ်ပြီးမေးရပါမယ်။ ဥပမာ “Generate a 3D model of a cube using ASCII STL format” ဆိုပြီးမေးလိုက်တာနဲ့ ChatGPT က code တွေကျလာပါလိမ့်မယ်။ ဒီ code တွေကို copy လုပ်ပြီး notepad ထဲမှာ Save လုပ်ရပါမယ်။ Save တဲ့အခါမှာ extension ကို .stl အနေနဲ့သိမ်းပြီး save ရပါမယ်။ ပထမဆုံးအကြိမ်လုပ်တဲ့လူတွေအဖို့ အမှန်အတိုင်းထွက်လာဖို့က နည်းပါတယ်။

ChatGPT ကိုအသုံးပြုပြီး 3D Printing လုပ်နည်း 2

အလားတူ Blender ကို အသုံးပြုပြီး 3D Printing လုပ်ချင်ရင် အပေါ်က ဖော်ပြခဲ့တဲ့နည်းလမ်းအတိုင်းလုပ်နိုင်ပါတယ်။ Request လုပ်တဲ့အခါမှာ using Python code လို့ ရေးဖို့တော့ လိုအပ်ပါတယ်။ ပြီးရင်တော့ Blender Software မှာရှိတဲ့ console pane မှာ python code တွေကို copy and paste လုပ်ရပါမယ်။ ပြီးရင်တော့ ပုံကြမ်းထွက်လာပြီး Print ဆက်လုပ်ဖို့ အဆင့်တွေ စလုပ်လို့ရပါပြီ။

ChatGPT ကိုအသုံးပြုပြီး 3D Printing လုပ်နည်း 3

အခြားလုပ်ဆောင်နိုင်သော Function များ

ChatGPT က STL files တွေကိုတည်ဆောက်ပေးတဲ့အပြင် အခြား functions တွေလည်း အသုံးပြုနိုင်ပါတယ်။ Printing လုပ်နေတဲ့အချိန်မှာလည်း​ Suggestions တွေတောင်းနိင်ပါတယ်။

၁။ G-Code File Repair ဆိုတာက Printing လုပ်နေတဲ့အချိန်မှာ တက်တဲ့ Error ဖြစ်ပါတယ်။ ဒီ Error ဖြစ်ရင်တော့ Printing က ပြီးမြောက်မှာမဟုတ်ပါဘူး။ ChatGPT ကိုမေးပြီး error ဖြစ်နေတဲ့ code ကို ပြင်ခိုင်းလို့ရပါတယ်။ အချိန်ကုန်ရော လူပင်ပန်းတာရော သက်သာပါတယ်။

၂။ 3D Model Prompt တွေကိုလည်း Request လုပ်နိုင်ပါတယ်။ ဒါ့အပြင် Third-Party applications တွေကိုလည်း အသုံးပြုလို့ရအောင် ဖန်တီးပေးနိုင်တဲ့ code တွေရေးပေးနိုင်ပါတယ်။

၃။ Settings တစ်ခုခုလွဲမှား​နေရင်ဖြစ်ဖြစ် အလုပ်မပြီးမြောက်နိုင်တာဖြစ်ဖြစ် ChatGPT ကိုမေးပြီး လွှဲမှားနေတဲ့ Settings ကို ပြင်ပေးဖို့ အကြံဉာဏ်တောင်းလို့ရပါတယ်။

Exit mobile version