ChatGPT ကို content တွေဖန်တီးတဲ့အခါ သိထားရမည့် Prompt များ

ChatGPT ကို အသုံးပြုတဲ့အခါ အကောင်းဆုံး result ထွက်ဖို့အတွက်အရေးကြီးဆုံးကတော့ Prompt ပဲ ဖြစ်ပါတယ်။ Prompt တွေထည့်သွင်းရေးသားတဲ့အခါ ChatGPT ရဲ့ သဘောကို သိထားဖို့လိုပါတယ်။

၁။ နက်နက်နဲနဲ နားလည်ဖို့အရေးကြီးပါတယ်

သင်ပြောချင်တဲ့အကြောင်းအရာကို ပြန်ပြောပြတဲ့အခါ သင့်ရဲ့ပရိတ်သတ်အနေအထားကို သိဖို့လိုပါတယ်။ ဥပမာ သင်က ဆရာတစ်ယောက်ဆိုပါစို့။ ကလေးတွေကို ပြောပြမယ့် ပုံပြင်အကြောင်းအရာကို ရှာဖွေတဲ့အခါ ChatGPT မှာ “Explain to me like I’m 11 years old or explain to me like I am a beginner.” စသဖြင့် အတိအကျ ရေးဖို့လိုအပ်ပါတယ်။

၂။ Copy ကူးချင်တဲ့အခါ မသိသာအောင် copy ယူခြင်း

ဥပမာ သင်က စာရေးဆရာတစ်ယောက်ရေးထားတဲ့ စာပိုဒ်ကို သဘောကျလို့ မှီညမ်းရေးသားခြင်းပါက ဒီလိုနည်းလမ်းနှင့်လည်း ChatGPT ကို မေးမြန်းနိုင်ပါတယ်။ “Please create (သင်လိုချင်တဲ့အကြောင်းအရာ) using language based on this simple, (စာပိုဒ်မူရင်း)” နည်းလမ်းဖြင့်လည်း မေးမြန်းရေးသားနိုင်ပါတယ်။

ChatGPT ကို content တွေဖန်တီးတဲ့အခါ သိထားရမည့် Prompt များ 1

၃။ ကိုယ်လိုချင်တဲ့အရာကို ကိုယ်သိပါစေ

ကိုယ်လိုချင်တဲ့ အကြောင်းအရာကို ရေးသားမေးမြန်းတဲ့အခါ တိတိကျကျ မေးမြန်းတက်ဖို့လိုပါတယ်။ လူသားတစ်ယောက်မဟုတ်တဲ့အတွက် မေးမြန်းတဲ့အခါ ယဉ်ကျေးသွယ်ဝိုက်စရာမလိုပါဘူး။ ဥပမာ ကိုယ်လိုချင်တဲ့ result ကိုရချင်တဲ့အခါ “Your Task is…” စသဖြင့် မေးမြန်းနိုင်ပါတယ်။

၄။ တစ်ဆင့်ချင်းဆီ မေးမြန်းပါ

ကိုယ်လိုချင်တဲ့အကြောင်းအရာကို တစ်ဆင့်ချင်းစီ မေးမြန်းပါ။ Step by step မေးမြန်းတဲ့အခါ ကိုယ်လိုချင်တဲ့ အချက်တွေကို Details သိရနိုင်ပါတယ်။

ChatGPT ကို content တွေဖန်တီးတဲ့အခါ သိထားရမည့် Prompt များ 2

၅။ ထပ်ခါထပ်ခါ မေးမြန်းတာမျိုး လုပ်ပါ

လူတွေရဲ့ အကျင့်တိုင်း စားသောက်ဆိုင်တစ်ခုထိုင်ပြီး နောက်တစ်ခေါက်ပြန်လာတဲ့အခါမှာ ဒီအစားအသောက်ပဲ မှာစားတက်ကြပါတယ်။ ChatGPT မှာလည်း ကိုယ်မေးမြန်းလေ့ရှိတဲ့ အကြောင်းအရာတွေကို ထပ်ခါထပ်ခါ မေးမြန်းတာမျိုးလုပ်ပါ။ AI က သင့်ရဲ့လိုချင်တဲ့အကြောင်းအရာနှင့် ပတ်သက်ပြီး အကြံဉာဏ်အသစ်တွေ ပေးတာမျိုးလုပ်နိုင်ပါတယ်။

၆။ Positive Language သုံးပါ

Don’t ဆိုတဲ့ စကားလုံးကို ChatGPT မှာ အသုံးမပြုပါနှင့်။ ကိုယ်မလိုချင်တဲ့အကြောင်းအရာကို Only ဆိုတဲ့စကားလုံးမျိုးနှင့် သုံးပါ။ Don’t ကို အသုံးများတဲ့အခါ AI က စဉ်းစားတဲ့အခါ ရှုပ်ထွေးလာနိုင်ပါတယ်။

Exit mobile version