ChatGPT ကို အင်တာနက် Access အားလုံးပေးလိုက်ပြီဖြစ်တဲ့ OpenAI

OpenAI ရဲ့ ChatGPT က ၂၀၂၂ နိုဝင်ဘာလတည်းက​ မိတ်ဆက်ခဲ့တာ အခုဆိုရင်တော့ တော်တော်ကြီးကို ကောင်းမွန်ပြီးအသုံးဝင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိလို့လာပါပြီ။ နေ့တိုင်း​လူတွေရဲ့အသုံးပြုမှုဆီကတစ်ဆင့် လေ့လာပြီးတိုးတက်နေတဲ့ ChatGPT က အခုဆိုရင်တော့ အင်တာနက်ထဲမှာရှိတဲ့ အရာ အားလုံးကိုလည်း Access လုပ်နိုင်နေပါပြီ။ ဆိုလိုတာကတော့ Google ရဲ့ BardAI လိုမျိုး Information တွေကို သိရှိလာပါပြီ။

X မှာ မကြာသေးမီကမှ တင်ထားတဲ့ OpenAI ရဲ့ Post မှာ သင်သိလိုတဲ့အကြောင်းအရာတစ်ခုခု Linkကို ChatGPT မှာ ထည့်လိုက်ရုံနဲ့ တိကျသေချာတဲ့ Information တွေပေးနိုင်ပြီဖြစ်ကြောင်း Video ကို တင်ထားခဲ့ပါတယ်။ ဒီ Feature ကို ChatGPT Plus subscribers နှင့် ChatGPT Enterprise users တွေ စတင်အသုံးပြုနိုင်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလကမှ မိတ်ဆက်လိုက်တဲ့​ Microsoft ရဲ့ Bing Chat ကလည်း ChatGPT နှင့် ပါတနာလုပ်ထားပါတယ်။ Bing Chat မှာ ChatGPT က အင်တာနက်ကို Aceess လုပ်နိုင်ပြီး Files တွေကို Upload လုပ်ပြီးအခြား Features တွေကိုအသုံးပြုနိုင်အောင်လည်း ဖန်တီးထားပါတယ်။ ယခုမိတ်ဆက်လိုက်တဲ့ ChatGPT version အသစ်ကလည်း ပုံစံအားလုံးတူပေမယ့် ChatGPT သီးသန့် Version ကို အသုံးပြုတဲ့ Users တွေက ChatGPT က အပြင်ကို ထွက်မသွားနိုင်တာကြောင့် ပိုပြီးသင့်တော်ပါတယ်။

Exit mobile version