Canva ရဲ့ သမိုင်းတစ်လျှောက် အကြီးဆုံး Update – Creative Operating System

Canva ကတော့ သူ့ရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖြစ်တဲ့ Product Update ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒါက သာမန် Feature အသစ်တွေထည့်တာမျိုးမဟုတ်ဘဲ Canva ကို ရိုးရိုး design tool တစ်ခုအဖြစ်ကနေ design, video, marketing နဲ့ AI အားလုံးကို တစ်နေရာတည်းမှာလုပ်နိုင်တဲ့ “Creative Operating System” တစ်ခုအဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

Canva ရဲ့ သမိုင်းတစ်လျှောက် အကြီးဆုံး Update – Creative Operating System

Creator တွေအတွက် Feature အသစ်များ

Canva ရဲ့ ကိုယ်ပိုင် Design AI အသစ်

အဓိက Main Event – Canva ရဲ့ ကိုယ်ပိုင် Design AI အသစ်

ဒါကတော့ အရေးအကြီးဆုံး ကြေညာချက်ပါပဲ။ Canva က သူ့ရဲ့ကိုယ်ပိုင် “Canva Design Model” ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါက ရိုးရိုးပုံတွေပဲထုတ်ပေးတဲ့ AI မျိုးမဟုတ်ဘဲ၊ design တစ်ခုရဲ့ အလွှာတွေ၊ စာလုံး font တွေ၊ အရောင်တွေ၊ branding တွေအထိ နားလည်တဲ့ ကမ္ဘာ့ပထမဆုံး AI model ပါ။

Canva Grow: Marketing သမားတွေအတွက် tool များ

လုပ်ငန်းတွေနဲ့ Marketing သမားတွေအတွက်

Canva ရဲ့ နောက်ထပ်ကြေညာချက် တစ်ခုက Adobe ရဲ့ Photoshop, Illustrator တို့လို professional tool တွေဖြစ်တဲ့ Affinity Suite တစ်ခုလုံးကို Canva premium account များအတွက် (completely free) ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Affinity ကို Canva နဲ့ တိုက်ရိုက်ချိတ်ဆက်သုံးနိုင်မှာ ဖြစ်ပါတယ်။

Canva premium account များအတွက် (completely free) – Affinity Suite

ခြုံပြောရရင် Canva ရဲ့ Update က ရိုးရိုး design tool တစ်ခုမဟုတ်တော့ဘဲ၊ creative နဲ့ marketing လောကတစ်ခုလုံးကို လွှမ်းမိုးဖို့ ကြိုးစားနေပြီဆိုတာကို တရားဝင်ကြေညာလိုက်တာပါပဲ။ ကိုယ်ပိုင် Design AI model ကို တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။

အထူးသဖြင့် ပြိုင်ဘက်ဖြစ်တဲ့ Adobe ကို တိုက်ရိုက်စိန်ခေါ်ပြီး Affinity ကို free ပေးလိုက်တာကတော့ creative လောကအတွက် အကြီးမားဆုံး သတင်းတစ်ခုပါပဲ။ Canva က ဒီခြေလှမ်းတွေနဲ့ သုံးစွဲသူအားလုံးကို သူ့ရဲ့ ecosystem ထဲကနေ ဘယ်မှထွက်သွားစရာမလိုအောင် ဆွဲခေါ်သွားဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Exit mobile version