Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ

လုပ်ငန်းခွင်မှာလိုအပ်တဲ့ Design, Poster, Powerpoint, Postcard စသဖြင့် လိုအပ်တဲ့ Design မျိုးစုံကို အလွယ်တကူဖန်တီးလို့ရတဲ့ တစ်ခုတည်းသော App က Canva ပါပဲ။ ဒါ့အပြင် Video တွေကိုပါ Edit လုပ်နိုင်ပါသေးတယ်။ AI ရဲ့ တိုးတက်လာတဲ့ နည်းပညာနှင့်အတူ Canva ကလည်း သူကိုယ်တိုင် ထုတ်ထားတဲ့ App နှင့် အခြား Third Party App တွေကိုလည်း သူ့ရဲ့ Platform မှာ သုံးလို့ရအောင် ဖန်တီးလာပါတယ်။ အခုပြောပြမယ့် App တွေကို အသုံးပြုဖို့အတွက် Canva ရဲ့ App feature ကို ဖွင့်ပြီး ကြည့်ရုံပါပဲ။

၁။ DALL-E

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 1

ChatGPT ဖန်တီးတဲ့ပညာရှင်တွေပြုလုပ်ထားတဲ့ App တစ်ခုဖြစ်ပြီး စာရိုက်လိုက်ရုံနှင့် ပုံတွေကို ဖန်တီးပေးနိုင်တဲ့ App ဖြစ်ပါတယ်။ သင်လုပ်ရမှာက စာလေးရိုက်ရုံပါပဲ။ ပုံကိုတော့ DALL-E က ဖန်တီးပေးပါလိမ့်မယ်။

၂။ Mockups

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 2

Mockups ကိုတော့ Smartmockups က ဖန်တီးထားတာဖြစ်ပြီး သင့်ရဲ့လုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဥပမာ အင်္ကျီနှင့် ကွန်ပျူတာဖန်သားပြင်မှာ သင့်လုပ်ငန်းကို ပြချင်တာမျိုးဖြစ်ဖြစ်၊ သင့်Logo ကို ကွက်တိ fitting ထည့်ချင်တာမျိုးတွေမှာ အသုံးပြုပါတယ်။ အသုံးပြုရပုံအရမ်းလွယ်ကူပြီး လိုအပ်တဲ့နေရာများစွာမှာ အလိုရှိသလို အသုံးပြုနိုင်ပါတယ်။

၃။ Wave Generator

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 3

သင့်ပုံအနောက်မှာ Wave တွေကို ဖန်တီးဖို့အကောင်းဆုံး App ဖြစ်ပါတယ်။ အထူးသဖြင့် Power Point Presentations တွေကိုဖန်တီးတဲ့နေရာမှာ အထူးအသင့်တော်ဆုံး App ဖြစ်ပါတယ်။

၄။ Soundraw

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 4

သင့် Video မှာပါတဲ့အရာပေါ်မူတည်ပြီး နောက်ခံတီးလုံးကို AI နှင့် အလိုအလျောက်ဖန်တီးနိုင်ပေးတဲ့ App ဖြစ်ပါတယ်။ Video editing အခြေခံလုပ်တတ်တဲ့လူတွေအတွက် အသုံးပြုရအရမ်းလွယ်ကူ​ပြီး music background ကို တကူးတက ရှာစရာလည်း မလိုပါဘူး။

၅။ Dynamic QR Code

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 5

QR Code ကို Canva မှာ ဖန်တီးတဲ့နေရာမှာ Dynamic QR Code မပါခဲ့ရင်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ သင့် QR code အတွက် Color ကိုပါ ရွေးချယ်နိုင်ပါသေးတယ်။

၆။ Character Builder

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 6

သင့် Design မှာလိုအပ်တဲ့ character ကို သင်ကိုယ်တိုင် အလိုရှိသလိုဖန်တီးနိုင်ပါတယ်။

၇။ Melody Muse

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 7

Melody Muse ကတော့ သင်အလိုရှိတဲ့ music ပုံစံကို စာရေးလိုက်ရုံနှင့် AI က ဖန်တီးပေးမှာ ဖြစ်ပါတယ်။

၈။ Sketch to Life

Canva App အသုံးပြုသူတိုင်း သိထားသင့်သည့် အခြား Apps များ 8

ကိုယ်တိုင်ဖန်တီး ဆွဲထားတဲ့ပုံတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးပေးနိုင်တဲ့ App ဖြစ်ပါတယ်။ သင့်စိတ်ထဲမှာရှိတဲ့ Idea ကို အနီးစပ်ဆုံးပုံပေါ်အောင် ဖန်တီးပေးနိုင်ပါတယ်။

Exit mobile version