Canva ကဲ့သို့ AI powered App တစ်ခုကို မိတ်ဆက်လိုက်တဲ့ Microsoft

Microsoft က AI powered Designer App တစ်ခုကို ရက်ပိုင်းလေးအတွင်းက မိတ်ဆက်ခဲ့ပါတယ်။ ဒီ App ကို iOS နှင့် Android နှစ်မျိုးလုံးမှာ အသုံးပြုလို့ရနေပါပြီ။ လူအသုံးများတဲ့ Canva လိုမျိုး function တွေကို လုပ်ဆောင်နိုင်မှာဖြစ်​ပြီး မွေးနေ့ကဒ် ဖန်တီးခြင်းနှင့် အခြားများစွာသော design တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီ App ကို Designer လို့ပဲ အမည်ပေးထားပြီး ဘာသာစကားအနေနှင့် ၈၀ မျိုး အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“Prompt Templates” features ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာဖြစ်ပြီး အခြားလူများဖန်တီးထားတဲ့ design ကိုလည်း စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ Stickers တွေကို ထည့်သွင်းဖို့ ကိုယ်ပိုင်စိတ်ကြိုက် emoji, clip art နှင့် wallpapers တွေကိုလည်း prompt ရိုက်ထည့်ပြီး ဖန်တီးနိုင်ပါတယ်။ Designer App ကို အသုံးပြုပြီး ကိုယ့်ရဲ့ Device ထဲက ပုံတွေကို ထည့်သွင်းလိုက်ရုံနှင့် 3D ပုံသားတွေကိုလည်း ဖန်တီးနိုင်ပါတယ်။ Background ပြောင်းလဲတာမျိုးတွေကို စက္ကန့်ပိုင်းအတွင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Microsoft service ကို အသုံးပြုသူတွေအနေနှင့် Word နှင့် Powerpoint တွေမှာတင်ကို တိုက်ရိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Copilot က တစ်ဆင့် ကိုယ်အသုံးပြုနေတဲ့ window က ထွက်မသွားပဲ designer ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပုံတွေကို ကြည့်တဲ့အခါမှာလည်း edit လုပ်တဲ့နေရာမှာ တစ်ခါတည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version