iPhone ရဲ့ Email နဲ့ Calls တို့မှာ လုပ်ငန်း Logo ကို ထည့်သွင်းနိုင်တော့မည်

iPhone ဟာ စီးပွားရေး လုပ်ငန်းရှင်များအတွက် အသုံးဝင်မယ့် Feature အသစ်ကို Email နဲ့ Calls တို့မှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက Apple ရဲ့ ကြေငြာချက်အရ နောက်နှစ်အတွင်း Business Connect Tool မှာ သင့်လုပ်ငန်းရဲ့ Logo အမှတ်တံဆိပ်ကို ထည့်သွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Apple ဟာ Business Connect Tool ကို မနှစ်တုန်းက စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး Maps ၊ Messages ၊ Wallet ၊ Siri နဲ့ အခြားသော Apps တို့မှာ အသုံးပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ Feature ဟာ Apple ရဲ့ ကိုယ်ပိုင် Search Engine ပေါ်မှာ Google ၊ Yelp နဲ့ Meta အစရှိတဲ့ ပြင်ပကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်ခြင်းမရှိပဲ Apple Intelligence နဲ့သာ အလုပ်လုပ်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

အခုလိုမျိုး မိမိလုပ်ငန်းရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ကို မှတ်တမ်းတင်ကာ နေရာအစုံမှာ အသုံးပြုနိုင်ပြီ ဖြစ်တာကြောင့် အတုအပ ပြုလုပ်ခြင်း အန္တရာယ်မှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အခုပြောပြခဲ့တဲ့ Feature ကို နောက်နှစ်အတွင်း စတင်အသုံးပြုနိုင်မှာ ဖြစ်ပြီး iPhone အသုံးပြုသူများမှာသာ အသုံးပြုနိုင်မယ့် Feature ပဲ ဖြစ်ပါတယ်။

Exit mobile version