Brain Rot ဆိုတာဘာလဲ?

Rot အဓိပ္ပါယ်ကို ဘာသာပြန်ရင်တော့ ပုပ်သိုးသွားတယ်လို့ အဓိပ္ပါယ်ရပြီး Brain Rot ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ ဦးနှောက်ပုပ်သိုးသွားတယ်လို့ အများက ထင်ကြပါလိမ့်မယ်။ တစ်ကယ်တမ်းမှာတော့ ဒီစကားလုံးက အင်တာနက်အသုံးပြုသူတွေဆီက ပေါ်ထွက်လာတဲ့စကားလုံးဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတော်တော်များများက Brain Rot ပြသနာကို ရင်ဆိုင်နေရပြီး အသက်အရွယ်မရွေးဖြစ်နေကြတယ်လို့ ဆိုပါတယ်။ တစ်ချို့လူတွေကတော့ “Mental Fogginess” လို့ခေါ်ကြပါတယ်။ အဓိပ္ပါယ်ကတော့​ စိတ်ကျန်းမာရေးမကောင်းပဲ ဝေဝါးနေတယ်လို့ ဆိုပါတယ်။ ဒီလို ရောဂါဖြစ်ရခြင်းအကြောင်းရင်းကတော့ အင်တာနက်ကို အလွန်အကျွံအသုံးပြုပြီး social media တွေကို အလွန်အကျွံအသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

Brain Rot စတင် ဖြစ်ပေါ်ရာ

၂၀၀၇ ခုနှစ်လောက်မှာ ဒီစကားလုံးကို စတင်မိတ်ဆက်ခဲ့ပြီး Boston Children’s Hospital မှာ Media Use အလွန်အကျွံအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတယ်လို့ ဆရာဝန်တွေက သုံးသပ်ကြပါတတယ်။ Dr Michael Rich လို့အမည်ရှိတဲ့ Digital ပိုင်းဆိုင်ရာနှင့် ပတ်သက်တဲ့ စိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်ကြီးက Brain Rot ကို လူငယ်တော်တော်များများ ခံစားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ နေ့စဉ်နှင့်အမျှ ကြည့်နေကြတဲ့ social media တွေက contents တွေက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို တော်တော်ထိခိုက်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လူနာတော်တော်များများက ဂိမ်းဆော့တဲ့အခါ ဆုတံဆိပ်ရသလိုမျိုး ဂုဏ်ယူနေကြပါတယ်။ အမှန်တကယ်ကတော့ Brain Rot ဖြစ်နေကြတာကို သူတို့ကိုယ်တိုင် မသိကြတာပါ။

Brain Rot ဆိုတာဘာလဲ? 1

ကလေးသူငယ်တော်တော်များများမှာတော့ အလွန်အကျွံဟာသပြုလုပ်တဲ့ videos, prank videos နှင့် မိုက်ရူးရဲဆန်စွာ လုပ်ပြတဲ့ video တွေက ကြည့်ရှုသူများပြားပြီး စွဲလန်းတဲ့အထိ ဖြစ်နေကြပါတယ်။ ထို့အပြင် streamers တွေကလည်း အပြင်လောကမှာ ဖြစ်ပျက်နေကြပုံစံတွေကို သွေဖယ်ပြီး လျှောက်လုပ်ပြတာမျိုးတွေကို လုပ်လာကြပါတယ်။ ကြည့်ရှုသူတွေက ဒီလိုအဖြစ်အပျက်မျိုးကို အပြင်မှာလည်း လုပ်လို့ ရတယ်လို့ မှတ်ယူပြီး နေထိုင်ပြောဆိုပုံကအစ မူမမှန်တော့တာမျိုးတွေ ဖြစ်လာပါတယ်။ ကလေးသူငယ်တွေက အဆိုပါ contents တွေကို social media မှာ ကြည့်ရှုမှု များလာတဲ့အခါ သူတို့ ကမ္ဘာငယ်တစ်ခုကို ရောက်သွားပြီး အပြင်လောကမှာလည်း လေးစားမှု၊ ကူညီမှုဆိုတဲ့အပြုအမူတွေ လုံး၀ပျောက်ကွယ်သွားပါတယ်။ အချို့ကလေးတွေမှာတော့ ကျောင်းသင်ခန်းစာတွေကို ကြာကြာအာရုံမစိုက်နိုင်တော့ပဲ ADHD တွေ ဖြစ်လာကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးက အရွယ်ရောက်ပြီးသားလူတွေတောင် ဖြစ်လာကြတဲ့အခါ ကလေးသူငယ်တွေမှာ Brain Rot ဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့် မိဘတွေအနေနှင့် မိမိရဲ့ ကလေးငယ်တွေကို Brain Rot စောစောမဖြစ်စေချင်ရင်တော့ screen ပေါ်မှာ ကလေးငယ်တွေ ကြည့်တဲ့အရာတွေကို limit လုပ်ဖို့ လိုအပ်ပါတယ်။​ Screen Time ကို အတက်နိုင်ဆုံး နည်းသလောက်နည်းအောင် လုပ်ပြီး အပြင် activity တွေကို များများလုပ်ဖို့ တွန်းအားပေးသင့်ပါတယ်။ အရွယ်ရောက်ပြီးသား လူကြီးတွေအနေနှင့် Brain Rot နှင့် ပတ်သက်တဲ့ content မျိုးတွေကို အားပေးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

Exit mobile version