ကိုယ်စား Booking တွေလုပ်ပေးတော့မယ် Google Chrome ရဲ့ AI Mode အသစ်

Google ကတော့ Chrome browser for Android နဲ့ iOS မှာ ‘AI Mode’ ကို ပိုပြီးလွယ်လွယ်ကူကူသုံးနိုင်အောင် လုပ်ဆောင်ပေးလိုက်ပါပြီ။ ဒါ့အပြင် အရင်က စားသောက်ဆိုင် booking လောက်ပဲလုပ်ပေးနိုင်တဲ့ AI Mode က အခု သင့်ကိုယ်စား တခြားအရာတွေကိုပါ လုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Chrome Mode အသစ်မှာ ဘာတွေပြောင်းသွားလဲဆိုတော့ New Tab Page ရဲ့ search bar အောက်မှာ ‘AI Mode’ ဆိုတဲ့ ခလုတ်အသစ်တစ်ခု တိုက်ရိုက်ပေါ်လာမှာပါ။ ဒါကြောင့် AI ကိုသုံးချင်ရင် အလွယ်တကူ နှိပ်ပြီးခေါ်သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ လောလောဆယ် US မှာ စတင်ရရှိနိုင်ပြီဖြစ်ပြီး မကြာခင်မှာ နိုင်ငံပေါင်း ၁၆၀ ကျော်မှာပါ ရရှိတော့မှာဖြစ် တယ်လို့ သိရပါတယ်။

ကိုယ်စား Booking တွေလုပ်ပေးတော့မယ် Google Chrome ရဲ့ AI Mode အသစ်

AI Mode အသစ်မှာ အဓိက ပြောင်းလဲသွားတာကတော့ အရင်က ကိုယ်စား booking တွေလုပ်ပေးနိုင်တဲ့ feature ကို Update မြှင့်လိုက်တာ ဖြစ်ပြီး အခုဆိုရင် ပွဲလက်မှတ်တွေဝယ်တာ၊ အလှပြင်ဆိုင်လိုမျိုး appointment တွေယူတာတွေ ကိုပါ လုပ်ဆောင်ပေးနိုင်တော့မှာပါ။ အရင်က ဒီ feature ကို ပိုက်ဆံပေးရတဲ့ AI Ultra သုံးသူတွေပဲ ရခဲ့ပေမယ့် အခုတော့ “Labs experiment” ထဲကို join ထားတဲ့ ဘယ်သူမဆို အခမဲ့ စမ်းသုံးနိုင်ပြီ ဖြစ်ပါတယ်။ (AI Pro နဲ့ Ultra သုံးသူတွေကတော့ အကြိမ်အရေအတွက် ပိုသုံးလို့ရမှာပါ)။

Google က AI Search ကို ရိုးရိုးအချက်အလက်ရှာတဲ့နေရာတစ်ခု မဟုတ်တော့ဘဲ၊ တကယ့် personal assistant တစ်ယောက်လို ဖြစ်လာအောင် လုပ်နေတာ ဖြစ်ပါတယ်။Browser ထဲကနေ တိုက်ရိုက် booking တွေလုပ်နိုင်တာက သုံးစွဲသူတွေအတွက်တော့ အရမ်းအဆင်ပြေစေမယ့် ခြေလှမ်းတစ်ခုပါပဲ။

Exit mobile version