BMW က 2023 Summer Lineup အတွက် New EV 3မျိူးနဲ့ Operating System ကို Update လုပ်ထားကြောင်းကြေညာ

BMW က 2023 Electric Vehicles Serise အသစ် 3 မျိုးနဲ့ ၎င်းတို့၏ Operating System Update လုပ်ထားကြောင်း မေလ ၂၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ 2023 ခုနှစ်အတွက် မော်ဒယ်သစ်များမှာ i4 xDrive 40 (i4 ရဲ့ all-wheel-drive variant)၊ Single-Motor i7 eDrive50 နဲ့ Hybrid 750e xDrive တို့ ပါဝင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

i4 xDrive 40 (all-wheel-drive variant) ကတော့ Gran Coupe Model အမျိုးအစားဖြစ်ပြီး 18-inch တာယာနဲ့ 396 Horsepower and A Dual-Motor Setup တို့နဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး 4.9 seconds အတွင်း သုညမှ 60 mph ထိအရှိန်မြင့်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ i4 xDrive 40 Model ကို Original စျေးနှုန်း $61,600 နဲ့ ရောင်းချမှာဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ i7 eDrive50 ဖြစ်ပြီး 449 Horsepower ထုတ်ပေးနိုင်တဲ့ Single GEN5 Motor နဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ အဆိုပါ EV အမျိူးအစားကိုတော့ Destination Fee အပါအဝင် $105,700 နဲ့ ရောင်းချမှာဖြစ်ပါတယ်။

750e xDrive ကတော့ Hybrid Vehicle အမျိုးအစားဖြစ်ပြီး 308-Horsepower Six-Cylinder(ခြောက်လုံးထို;) Engine နဲ့ထုတ်လုပ်မှာဖြစ်ပြီး 194-Horsepower Electric Motor ပါထပ်မံပေါင်းထည့်ထားတာဖြစ်လို့ စုစုပေါင်း 194-Horsepower နဲ့ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ 750e xDrive ကိုတော့ $107,000 နဲ့ရောင်းချမှာဖြစ်ပါတယ်။

The automaker is also updating its infotainment software.

EV ကား အသစ်များ အပြင် BMW က ၎င်းတို့ရဲ့ Infotainment Operating System ကိုလဲ အဆင့်မြှင့်တင်နေတာဖြစ်ပါတယ်။ BMW Operating System 8.5 လို့ လူသိများတဲ့ Curved Display အသုံးပြုရတာပိုမို့လွယ်ကူစေရန် System တစ်ခုလုံးကို Update လုပ်ထားကြောင်းသိရပါတယ်။

BMW Company ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ Updates နဲ့ အတူ ၎င်းတို့ရဲ့ အဆင့်မြင့် infotainment Technology များနဲ့ Electric Vehicle(EV) Market ကိုဆက်လက်လွှမ်းမိုးထားနိုင်မှာဖြစ်ပါတယ်။

Exit mobile version