Bluesky က လက်ရှိ ခေတ်စားနေတဲ့ Topic များကို Search Bar မှာ ထည့်သွင်း

မကြာသေးခင်ကပဲ Social Media App တစ်ခုဖြစ်တဲ့ Bluesky က ၎င်းတို့ရဲ့ Mobile App အတွက် Trending Topic များကို Search Bar မှာ အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မယ့် Feature အသစ်တစ်ခုကို ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Bluesky က လက်ရှိ ခေတ်စားနေတဲ့ Topic များကို Search Bar မှာ ထည့်သွင်း

Bluesky Mobile App မှာရှိတဲ့ Search Icon ကို နှိပ်လိုက်ရုံနဲ့ Trending နှင့် Recommended Subjects ဆိုတဲ့ Suggest Page နှစ်ခုပေါ်လာမှာ ဖြစ်ပြီး လက်ရှိခေတ်စားနေတဲ့ အကြောင်းအရာများနဲ့ လက်တလော မိမိစိတ်ဝင်စားနေတဲ့ အကြောင်းအရာများကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Suggest Page အနေနဲ့ ပေါ်လာတဲ့ Trending Topic Feature ကိုမကြိုက်ဘူး အရင်တိုင်းပဲ အသုံးပြုချင်တဲ့ ဆိုရင်လဲ Settings ထဲမှာရှိတဲ့ Content & Media> Enable Trending Topics ကို Toggle Off လုပ်ထားလို့ ရတာဖြစ်ပါတယ်။

Bluesky ရဲ့ ကြေညာချက်အရ အဆိုပါ Feature က “V1″(Beta Version) အဖြစ် မိတ်ဆက်ထားခြင်း ဖြစ်ပြီး User များရဲ့ Feedback အပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲမှုများကို ဆက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ADVERTISEMENT
Exit mobile version