Blue-collar အလုပ်တွေကို ရွေးလာကြတဲ့ Gen Z မျိုးဆက်သစ်များ

တိုးတက်ပြောင်းလဲလာတဲ့ခေတ်နှင့်အတူ အလုပ်အကိုင်ရှားပါးမှု၊ နည်းပညာတွေက လူတွေကို အစားထိုးလာကြတဲ့ကာလမှာ မျိုးဆက်သစ်တွေက ယုံကြည်မှုတွေ ပျောက်ဆုံးလာကြတယ်လို့ Tech CEO တွေက သုံးသပ်လာကြပါတယ်။ မကြာသေးမီက တရုတ်နိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရ ကျောင်းသားတွေက Blue-collar jobs တွေကို လုပ်လာကြတာကို တွေ့ရှိရပါတယ်။ Blue-collar jobs တွေက အမြဲတည်ရှိနေမှာဖြစ်ပြီး AI နှင့်လည်း အစားထိုးမရတာကြောင့် သာမန်လူငယ်တွေက ဒီလိုအလုပ်မျိုးတွေကို ရွေးချယ်လာကြပါတယ်။ ကွန်ပျူတာဘွဲ့ရကျောင်းသားတွေကလည်း အနာဂတ်အလုပ်အကိုင်တွေမှာ AI ကိုသာ အသုံးပြုလာတာကြောင့် သူတို့ရဲ့ အလုပ်အကိုင်တွေ ရရှိမှု ခက်ခဲလာတာလို့ ယူဆကြပါတယ်။

Blue-collar အလုပ်တွေကို ရွေးလာကြတဲ့ Gen Z မျိုးဆက်သစ်များ 1

Lincoln Tech CEO, Scott Shaw က covid အပြီးတည်းက အလုပ်အကိုင်တွေရှားပါးလာမှုနှင့်အတူ လူငယ်တွေက ကျောင်းပြီးတဲ့အခါ Blue-collar jobs တွေကိုပဲ ရွေးချယ်လာကြတာကို တွေ့ရတယ်လို့ ပြောကြပါတယ်။ Blue-collar jobs တွေက white-collar jobs တွေလို လုပ်ကိုင်တဲ့သူနည်းပါးပြီး AI တွေနှင့် အစားထိုးဖို့လည်း ခက်ခဲတာကြောင့် လူငယ်တွေက လုပ်ကိုင်လာကြပါတယ်။ ဥပမာ စားပွဲထိုးအလုပ်၊ သန့်ရှင်းရေးအလုပ်နှင့် အခြား အလုပ်ကြမ်းတွေကို လုပ်ကိုင်ရခြင်းဖြင့် လစာက white-collar jobs ထက်မများပေမယ့် နေထိုင်စားသောက်လို့ရတဲ့ လစာကို ရရှိကြပါတယ်။ အမေရိကန်လိုတိုးတက်တဲ့နိုင်ငံတွေမှာတော့ Delivery အလုပ်တွေကို လူအတော်များများ လုပ်ကိုင်လာကြပါတယ်။ ကိုယ်ပို့နိုင်တဲ့ လမ်းကြောင်းအပေါ်မူတည်ပြီး ဝင်ငွေကောင်းကောင်းရရှိနိုင်ပါတယ်။

Blue-collar အလုပ်တွေကို ရွေးလာကြတဲ့ Gen Z မျိုးဆက်သစ်များ 2

အချို့လူငယ်တွေကတော့ တက္ကသိုလ်ကိုပေးရမယ့် စရိတ်ကို မပေးပဲ Trading လောကကို ဝင်ရောက်ကြပါတယ်။ များသောအားဖြင့် cryptocurrency နှင့် Forex Trading တွေကို လုပ်လာကြပါတယ်။ ကျောင်းပြီးတဲ့အခါမှာ အလုပ်ရရှိဖို့ ခက်ခဲလာကြပြီး ရတဲ့လစာနှင့် အတွေ့အကြုံ၊ အချိန်တွေက အများကြီးယူရတာကြောင့်တစ်ပိုင်း၊ တိုးတက်လာတဲ့ AI တွေက အလုပ်တော်တော်များများကို အစားထိုးလာတာကြောင့် လူငယ်တွေက မျှော်လင့်ချက်တွေ မဲ့လာကြပါတယ်။ ကျောင်းသားအများစုရဲ့ ၇၅% က ကိုယ်ပိုင်လုပ်ငန်းတွေကို ရင်းနှီးလုပ်ကိုင်ရတာကြိုက်ပြီး company ကြီးကြီးတွေမှာ လုပ်ကိုင်ရတာ စိတ်ဝင်စားမှုနည်းလာကြပါတယ်။

Industry တွေထဲမှာ သက်မွေးဝမ်းကြောင်း တက္ကသိုလ်တက်ဖို့လိုအပ်တဲ့ industry တွေကတော့ အရေးပါနေဆဲပါ။ ဥပမာ တိကုဆရာဝန်၊ ဆေးဝါးကျွမ်းကျင်နှင့် စိုက်ပျိုးရေး တက္ကသိုလ်တွေကတော့ ပြီးမြောက်အောင်တက်မှ အလုပ်ခွင်မှာ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာနှင့် ပတ်သက်တဲ့ ပညာရပ်တွေမှာတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ခရီးရောက်ပြီး ကျောင်းပြီးအောင်တက်ဖို့ မလိုလည်း ရတာကြောင့် မျိုးဆက်သစ်လူငယ်တွေက ကျောင်းပြီးအောင်တက်ဖို့ထက် တစ်ကယ့်ဝင်ငွေကောင်းကောင်း ရရှိဖို့ အာရုံစိုက်လာကြတာဖြစ်ပါတယ်။

Exit mobile version