Desktop ပေါ်က Bing Chatbot ကို အသံနဲ့ ခိုင်းလို့ရပြီ

နောက်ပိုင်း Windows Desktop များမှာ ပါဝင်လာမယ့် Bing Chatbot ဟာ အသုံးပြုသူရဲ့ အသံနိုင်ခိုင်းစေလို့ ရမှာ ဖြစ်ကြောင်း Microsoft က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဂျွန်လ အစောပိုင်းတုန်းက Microsoft ဟာ Windows တွေရှိ Cortana ကို ဖယ်ရှားတော့မယ်လို့ သတင်းထုတ်ခဲ့ပြီး နောက်ပိုင်း Cortana နေရာမှာ အစားထိုးဝင်ရောက်လာမယ့် Windows Copilot ကို အာရုံစိုက်ကာ အဆင့်မြှင့်နေတာ တွေ့ရပါတယ်။ Microsoft ဟာ Windows တွေရှိ Windows Copilot လို့နာမည်ပေးထားတဲ့ Bing Chatbot ကို စာရိုက်ပြီးလိုချင်တာ ခိုင်းနိုင်ယုံမကပဲ အခုဆိုရင် သင့်အသံနဲ့ပါ ခိုင်းလို့ရမယ့် Feature ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်း Windows Copilot ကို ဖွင့်လိုက်ရင် အောက်ဆုံးမှာ Microphone ပုံလေးကို မြင်ရမှာ ဖြစ်ပြီး အဲဒီ Microphone ကို နှိမ့်ထားကာ လုပ်ခိုင်းချင်တာကို ပြောလိုက်ရင် Windows Copilot ကလည်း သူ့ရဲ့ကိုယ်ပိုင်အသံနဲ့ ပြန်လည်ဖြေကြားပေးမှာ ဖြစ်ပါတယ်။

Microsoft ပြောထားတာကတော့ Windows ပေါ်ရှိ Bing Chatbot ဟာ လက်ရှိမှာတော့ အင်္ဂလိပ်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမန်၊ နှင့် မန်ဒရင်း ဘာသာရပ်တို့ကို နားလည်နိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားဘာသာရပ်များကိုလည်း ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့ Microsoft ရဲ့ Windows Copilot ပါဝင်တဲ့ Computer ဟာ ဘယ်လောက်အထိ အသုံးဝင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version