Google Bard AI ကို US တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခိုင်းရာမှာ ကျရှုံး

Google ရဲ့ AI chatbot ဖြစ်တဲ့ Bard ကို စတင်မိတ်ဆက်ကတည်းက သတင်းကောင်းကို အခုထိမတွေ့ရသေးပါဘူး။ SAT လို့ ခေါ်တဲ့ US ရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခိုင်းရာတွင် Bard ဟာ score 1200 နဲ့ ကျခဲ့တယ်လို့ သိရပါတယ်။

US ရဲ့ SAT စာမေးပွဲဟာ အဓိကအားဖြင့် အရေး၊ အဖတ်နှင့် သင်္ချာ Skills တွေကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ထိုစာမေးပွဲမှာ Bard ဟာ အရေးနဲ့ သင်္ချာမှာ အလွန်အားနည်းနေတယ်လို့ သိရပါတယ်။ အရေးမှာ Bard ဟာ ရေးခိုင်းတဲ့ ဆိုလိုရင်းအကြောင်းရာနဲ့ မှားယွင်းစွာ ဖော်ပြခဲ့ပြီး နော်ထပ်တစ်ကြိမ် ထပ်ဖြေခိုင်းရာမှာတော့ ၃၀ ရာနှုန်းလောက် မှန်ကန်လာတယ်လို့ သိရပါတယ်။ သင်္ချာမှာတော့ Bard ဟာ ၅၀ ရာနှုန်းမှ ၇၅ ရာနှုန်း လောက်ထိကို မှားယွင်းတဲ့ အဖြေတွေကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။ အဓိကအားဖြင့် mulitple-choice တွေကို အဖြေရှာခိုင်းရာမှာ Bard က အရမ်းအားနည်းနေတယ်လို့ သိရပါတယ်။ Google ကတော့ Bard ဟာ အခုအချိန်မှာ လေ့ကျင့်ပေးဖို့ များစွာလိုအပ်နေသေးတာဖြစ်ပြီး အဆင့်မြှင့်ပေးဖို့လည်း လိုအပ်နေတာဖြစ်တာကြောင့် အခုလို မှားယွင်းစွာ ဖော်ပြနေတာဖြစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်။

Bard AI ကို CEO Sundar Pichai စတင်မိတ်ဆက်ကတည်းက အဆင်သင့်မဖြစ်သေးပဲ မိတ်ဆက်ခဲ့လို့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကျဆင်းခဲ့ရပါတယ်။ လူတွေကြားထဲ အသုံးပြုခွင့်ပေးတဲ့ အချိန်ရောက်တော့လည်း မှားယွင်းတဲ့ အဖြေတွေထုတ်ပေးနေလို့ ဝေဖန်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း AI အင်ဂျင်နီယာဟောင်းက Bard ဟာ ChatGPT ရဲ့ အချက်အလက်တွေနဲ့ လေ့ကျင့်ပေးထားတယ်လို့ စွပ်စွဲခြင်းခံခဲ့ရပါသေးတယ်။ ဒီတစ်ခါလည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခိုင်းရာ ကျရှုံးတယ်ဆိုတော့ Google ရဲ့ Bard မှာ အားနည်းမှုတွေဟာ ရှိနေတုန်းပဲလို့ ပြောနိုင်ပါတယ်။

Exit mobile version