တရုတ်ရဲ့ နည်းပညာကုမ္ပဏီ Baidu က Apple ကို တရားစွဲ

တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Baidu ဟာ Apple ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ Baidu ဟာ ChatGPT နဲ့ဆင်တူတဲ့ AI Chatbot တစ်ခုကို ဖန်တီးထားပြီး ၎င်းတို့ဖန်တီးထားတဲ့ AI Chatbot နာမည်နဲ့ Apple Appstore မှာ Apps အတုပေါင်းများစွာ ထွက်ပေါ်လာလို့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

Baidu ဟာ သူတို့ရဲ့ AI ကို Ernie လို့ နာမည်ပေးထားပြီး မတ်လတုန်းက မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Ernie ကို အသုံးပြုမလို့ Software လည်း မရှိသေးသလို ဘယ်သူမှလည်း အသုံးပြုလို့မရသေးဘူးလို့ Baidu က ပြောပါတယ်။ Baidu ရဲ့ CEO Robin Li က Ernie ဟာ ChatGPT ရဲ့ နောက်ဆုံး version ဖြစ်တဲ့ GPT-4 လောက်နည်းပါး အားကောင်းတဲ့ chatbot AI တစ်ခုဖြစ်ကြောင်း မိတ်ဆက်ပွဲမှာ ပြောထားပါတယ်။

Baidu

Ernie ကို Baidu ဘက်က တရားဝင်မချပြရသေးပဲ ထွက်ပေါ်လာတဲ့ Software တွေအားလုံးဟာ အတုတွေဖြစ်တာကြောင့် တရားမဝင်ဘူးလို့ ပြောကာ Apple နှင့် Software ကို ဖန်တီးထားတဲ့ Developer တွေကို Beijing ပြည်နယ် Haidian ခရိုင်ရှိ ပြည်သူ့တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။ Apple ဘက်ကတော့ အခုအချိန်ထိ အမှုနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ADVERTISEMENT
Exit mobile version