Artificial Intelligence (AI) ကို အခွင့်အလမ်းတွေအတွက် ကိရိယာတစ်ခုလို အသုံးပြုသွားမယ်ဆိုပြီး အမေရိကန်သမ္မတ Joe Biden ထုတ်ပြန်

လွန်ခဲ့တဲ့ အင်္ဂါနေ့က United Nations အစည်းအဝေးမှာ အမေရိကန်သမ္မတ Joe Biden က AI နည်းပညာကို နိုင်ငံသားတွေအတွက်အကျိုးဖြစ်ထွန်းတဲ့နေရာမှာ ထိရောက်စွာအသုံးချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ AI ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာတာနဲ့အမျှ နိုင်ငံတကာမှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး AI နည်းပညာကို လူထုတွေဆီ မမိတ်ဆက်ခင် လုံခြုံမှုရှိအောင် အရင်လုပ်ပြီးမှ လူထုတွေဆီကို မိတ်ဆက်မယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ တရားစီရင်ရေးမှာလည်း​ AI နည်းပညာကို အသုံးချပြီး နိုင်ငံသားတွေကို အပြည့်အ၀ကာကွယ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီပြောကြားမှုတွေထဲမှာ တရုတ်နိုင်ငံကလည်း နည်းပညာနယ်ပယ်ထဲမှာ ထိပ်တန်းရောက်ဖို့ ယှဉ်ပြိုင်နေတဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

Artificial Intelligence (AI) ကို အခွင့်အလမ်းတွေအတွက် ကိရိယာတစ်ခုလို အသုံးပြုသွားမယ်ဆိုပြီး အမေရိကန်သမ္မတ Joe Biden ထုတ်ပြန် 1

လွှတ်တော်ခေါင်းဆောင်ဖြစ်တဲ့ Chuck Schumer ကလည်း နည်းပညာလောကထဲမှာ ဆရာတွေဖြစ်ကြတဲ့ Elon Musk နှင့် Mark Zuckerberg တို့နှင့်လည်း AI အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ Tech Genius တွေကလည်း AI ကို အစိုးရက ထိထိရောက်ရောက်အသုံးချသင့်တယ်ဆိုတာကို သဘောတူပြောကြားခဲ့ပါတယ်။

AI ကို Policy နှင့် စည်းမျဉ်းစည်းကမ်းနေရာတွေမှာ အသုံးချဖို့ နေ့ရက်သတ္တပတ် (သို့) နှစ်နဲ့ချီ ကြာမြင့်နိုင်ပါတယ်။ ဒါ့အပြင် ရှိနေပြီးသား ဥပဒေရေးရာတွေကို လုပ်ဆောင်နေကြတဲ့ ဥပဒေကျွမ်းကျင်သူများက သဘောတူ၊ မတူကိုတော့ မသိနိုင်သေးပါဘူး။ အနာဂတ်မှာတော့ AI ရဲ့ နည်းပညာအကူအညီနှင့် ဥပဒေရေးရာတွေကို ချမှတ်ရာမှာ ထောက်ခံတဲ့လူနှင့် မထောက်ခံတဲ့လူတွေ ရှိပြီး အငြင်းပွားလာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Biden Administration ကတော့ AIကို တရားခွင်၊ ဥပဒေရေးရာတွေမှာ အသုံးမပြုခင် ကြိမ်ဖန်များစွာ စမ်းသပ်ပြီး သေချာမှ ပြည်သူတွေဆီ မိတ်ဆက်ပြီး အသုံးပြုမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Exit mobile version