Artificial Intelligence မဟုတ်တဲ့ Apple Intelligence

AI ကို Artificial Intelligence လို့အားလုံးသိထားကြပေမယ့် Apple ကတော့ သူ့ရဲ့ AI ကို Apple Intelligence လို့ အမည်ပေးထားပါတယ်။ Apple Intelligence ကို ဒီလထဲမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ သတင်းတွေအရ Apple က OpenAI နှင့် ပူးပေါင်းထားပြီး ထွက်ရှိလာမယ်လို့လည်း အများက သုံးသပ်ထားပါတယ်။ Video နှင့် Image ပိုင်းတွေမှာ များများစားစားပါဝင်လာမှာ မဟုတ်ပဲ reply လုပ်တဲ့နေရာမျိုးနှင့် suggestions ပိုင်းတွေမှာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Siri ကို အခြား Apps တွေကို control လုပ်ခွင့်အများကြီး ပေးထားမယ်လို့လည်း သိရပါတယ်။ နည်းပညာကတော့​ Apple ရဲ့ ကိုယ်ပိုင်နည်းပညာကို အသုံးပြုထားပြီး Tools အပိုင်းမှာတော့ OpenAI အပိုင်းကိုအသုံးပြုထားမယ်လို့ ထင်ကြေးပေးထားကြပါတယ်။

AI ကို အသုံးပြုတဲ့အခါမှာ နှစ်မျိုးရှိပါမယ်။ အသုံးပြုသူတွေအနေနှင့် သာမန်အသုံးပြုနေကျ အရာတွေကို Device အတွင်းက AI feature နှင့် Cloud ကို ချိတ်ဆက်မယ့် AI feature နှစ်မျိုးရှိပါမယ်။ Privacy & Security အပိုင်းမှာလည်း အသုံးပြုသူရဲ့ data တွေကို ခွင့်ပြုချက်မရပဲ အပြင်ကိုထွက်သွားတာမျိုး လုံး၀လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Microsoft က မကြာသေးမီကမှ ထွက်ရှိလာတဲ့ AI feature တစ်ခုကလည်း လူအများကြားမှာ ပြောနေကြပါတယ်။ အသုံးပြုထားတဲ့ webpage တွေကို screenshot ပုံစံ သိမ်းဆည်းထားပြီး suggestion ပြန်ပြတာမျိုးတွေဖြစ်ပါတယ်။ တစ်ချို့အသုံးပြုသူတွေအနေနှင့် ဒီလိုလုပ်ခြင်းက privacy ကို တိုက်ရိုက်ချိုးဖောက်နေတယ်လို့လည်း ပြောနေကြပါတယ်။ Apple က privacy နှင့် ပတ်သက်ရင် နာမည်ပျက်မရှိသလောက် နည်းတာကြောင့် လူကြိုက်များတဲ့ company တစ်ခုအဖြစ်ယနေ့အချိန်ထိ ရပ်တည်နေပါတယ်။ AI feature ထွက်လာတဲ့အခါမှာတော့ ဒီအရာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version