Apps တွေရဲ့ Icons တွေကို လိုသလို အရောင်ပြောင်းနိုင်မယ့် iOS 18

ဒီနှစ်အထဲ အသစ်ထွက်ရှိမယ့် AI Features များနဲ့ နာမည်ကြီးနေတဲ့ iOS 18 မှာ Apps တွေရဲ့ Icons တွေကို လိုချင်တဲ့ အရောင်ပြောင်းလဲနိုင်မယ့် Featurs အသစ် ပါဝင်လာမှာဖြစ်ကြောင်း Bloomberg ရဲ့ သတင်းထောက် Mark Gurman က ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

iOS 18 မှာ Apps တွေရဲ့ Icons တွေအားလုံးကို စိတ်ကြိုက်အရောင် တစ်ခုထားထားပြီး ငွေကြေးနဲ့ ပတ်သက်တဲ့ Apps များကိုတော့ အခြားအရောင် ထားထားတာမျိုး အစရှိတဲ့ အသုံးပြုသူ စိတ်ကြိုက် အရောင်းများကို လိုသလို ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် Apps Icons များနဲ့ Widgets များကို Screen ပေါ်ရှိ ကြိုက်တဲ့နေရာတွင် ပိုမိုလွတ်လပ်စွာ စိတ်ကြိုက် ရွေ့ပြောင်းအသုံးပြုနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Apple ဟာ iOS 18 အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်နေတာတွေ့ရပြီး Apple အသုံးပြုသူများဟာလည်း iOS 18 ကို ရင်ခုန်စွာနဲ့ စောင့်စားနေကြတာ ဖြစ်ပါတယ်။ Apple ရဲ့ ထုတ်ပြန်ချက်တွေအရ iOS 18 ကို ဒီနှစ် ဇွန်လထဲ ကျင်းပပြုလုပ်မယ့် WWDC ပွဲအတွင်းမှာ မိတ်ဆက်ပေးသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Exit mobile version