Apps တွေ မပါတဲ့ ဖုန်းတစ်လုံးကို အနာဂတ်တွင် အသုံးပြုကြမည်လား

Smartphone တစ်လုံးမှာအရေးကြီးဆုံးက​ apps တွေပဲဖြစ်ပါတယ်။ Apps တွေမရှိတော့ရင် smartphone တစ်လုံးလို့ ခေါ်ဖို့ ခက်ခဲပါတယ်။ ယနေ့ AI တွေနေရာယူလာကြတဲ့ခေတ်မှာတော့ smartphone တစ်လုံးကို​ apps တွေအစား AI နှင့်အစားထိုးဖို့ ကြိုးစားလာကြပါတယ်။ Deutsche Telekom က AI နည်းပညာတစ်ခုတည်းကို အခြေခံထားတဲ့ smartphone တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာဆိုရင် Apps လုံး၀မပါဝင်ပဲ အသုံးပြုရမှာဖြစ်ပြီး AI ကို လိုအပ်တဲ့အရာ ညွှန်ကြားပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

Apps တွေ မပါတဲ့ ဖုန်းတစ်လုံးကို အနာဂတ်တွင် အသုံးပြုကြမည်လား 1

ဒီ Concept ကို လူအတော်များများက စိတ်ဝင်စားပြီးကြည့်ရှုခဲ့ကြပါတယ်။ Company ရဲ့ ပြောကြားချက်အရ နောင်လာမယ့်အနာဂတ်မှာ လူတွေက Apps တွေကို အသုံးပြုရတာ စိတ်ဝင်စားမှုနည်းလာပြီး AI ကိုသာအသုံးပြုလာမှာဖြစ်လာနိုင်တာကြောင့် ဒီ concept ကို ဖန်တီးခဲ့ရခြင်းဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ခရီးသွားလာတာ၊ ဓါတ်ပုံရိုက်ပြီး သူငယ်ချင်းတွေကို မျှဝေတာမျိုးတွေကို AI နည်းပညာအပေါ်အခြေခံထားတဲ့ ဖုန်းနှင့်သာ လူတွေက အသုံးပြုမယ်လို့ ယုံကြည်ကြောင်း CEO ဖြစ်တဲ့ Tim Hoettges က ပြောကြားခဲ့ပါတယ်။ AI Handset ကိုတော့ Qualcomm and Brain တို့နှင့် ပူးပေါင်းပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တမ်းလက်တွေ့မှာတော့ ဒီလိုဖြစ်လာနိုင်လားဆိုတာတော့ အသေအချာပြောလို့မရသေးပါဘူး။ လက်ရှိမှာတော့ ဒီ idea က concept တစ်ခုသာဖြစ်ပြီး လူတွေကို ချပြခဲ့တာဖြစ်ပါတယ်။

Exit mobile version