WWDC 2025 မှာ မိတ်ဆက်မှာဖြစ်တဲ့ Apple ရဲ့ “Liquid Glass” UI Design အသစ်

Apple ဟာ UI ပြောင်းလဲမှု အကြီးစား တစ်ခုကို ‌ပြသဖို့အဆင်သင့်ဖြစ်နေပြီလို့ Bloomberg ရဲ့ Mark Gurman ကဆိုထားပါတယ်။ အဆိုပါ UI အသစ်ကို “Liquid Glass” လို့ ခေါ်ပြီး ရေကန်ပြင်လို ပြောင်မြောက်တဲ့ မြင်ကွင်းတွေနဲ့ “see-through” ပုံစံမျိုးတွေ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် Toolbars နဲ့ App တွေအတွင်းမှာ သုံးတဲ့ Control တွေမှာ ပိုမိုတောက်ပပြီး ဖောက်မြင်နိုင်တဲ့ Liquid Glass UI Design တွေပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Redesign အသစ်ဟာ ပုံမှန် UI ပြင်ဆင်ခြင်းထက် တော်တော်ကြီးထဲဝင်ပြီး၊ iPhone UI design မှာ မကြာခဏ ပြောင်းလဲတာမျိုး မဟုတ်တဲ့အတွက် ဘယ်လိုတွေပြင်ဆင်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒါမတိုင်ခင် နောက်ဆုံး iPhone အတွက် ကြီးကြီးမားမား ပြောင်းလဲမှုက iOS 7 မှာဖြစ်ခဲ့ပြီး Apple ရဲ့ ထင်ရှားတဲ့ Skeuomorphism ဒီဇိုင်းကို အခုလက်ရှိ ရိုးရှင်းတဲ့ ဒီဇိုင်းကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

[Image Credits: Apple Hub]

iOS 26 မှာ ဘာတွေမြင်တွေ့နိုင်မလဲ?

Apple ဟာ WWDC25 မှာ iOS 26 ကို ဇွန်လ ၉ ရက်နေ့ (မြန်မာစံတော်ချိန် ည ၁၁:၃၀) မှာ စတင်ပြသမှာ ဖြစ်ပြီး၊ Feature အသစ်တွေ တော်တော်များများ ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။

နောက်ပြီး Lock Screen မှာ Music app အတွက် Animated Album Art ပါဝင်လာမယ်၊ ဘတ်ထရီကို AI နည်းဖြင့် စီမံခန့်ခွဲပေးနိုင်၊ EU ထဲက အသုံးပြုသူတွေအတွက် Siri ကို အခြား Voice Assistant နဲ့ ပြောင်းလဲနိုင်မယ်၊ Mixmoji – emoji ၂ ခုကို ပေါင်းပြီး emoji အသစ်ဖန်တီးနိုင်မယ်၊ Wi-Fi login အသေးစိတ်တွေကို အခြား device တွေနဲ့ sync လုပ်နိုင်မယ်၊ Stage Manager ကို iPhone ပေါ်မှာပဲ အသုံးပြုနိုင်တော့မယ်၊ AirPods မှာ အသံပြန်ဘာသာပြန်ပေးမယ့် Live translate feature အသစ်၊ Preview app အသစ် – iPhone မှာ ဖိုင်တွေ preview လုပ်နိုင်ဖို့၊ Game တွေအတွက် Games app အသစ် စတဲ့ Feature တွေပါဝင်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

Gurman ရဲ့ ဖော်ပြချက်အရတော့ Apple က “Liquid Glass” ဒီဇိုင်းကို iPhone ရဲ့ ၂၀ နှစ်ပြည့် အထိမ်းအမှတ်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Liquid Glass ကို OS 26 အနေဖြင့် iOS၊ macOS၊ watchOS၊ iPadOS နဲ့ tvOS အားလုံးမှာ တစ်ပြိုင်နက် တွေ့မြင်ရမယ်နိုင်လို့ ခန့်မှန်းထားကြပါတယ်။

ADVERTISEMENT
Exit mobile version