၂၀၂၅ မှ စလို့ ဂျပန်နဲ့ လက်တွဲ ဖြုတ်တော့မယ့် Apple

ဂျပန်ရှိ သတင်းစာ ဖြန့်ဝေရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ Nikkei ရဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ထုတ်ပြန်မှုအရ Apple ရဲ့ ထုတ်ကုန်များအတွက် Displays များအားလုံးကို ဂျပန်မှ ရယူနေတဲ့ Liquid Crystal Displays (LCDs) အစား Light-Emitting Diode (OLED) Displays များအဖြစ် ၂၀၂၅ ခုနှစ်မှစလို့ ပြောင်းလဲ အသုံးပြုတော့မှာဖြစ်ကြောင်း သိရပါတယ်။

TV နဲ့ Smartphone ထုတ်လုပ်သူများဟာ သူတို့ရဲ့ Displays များတွင် Vivid Colours နှင့် Sharper Contrast များ ပိုကောင်းစေရန်နဲ့ High Quality Videos များတွင် ပိုမိုတိကျစွာ မြင်နိုင်စေဖို့ LCDs မှ OLED ဘက်သို့ ကူးပြောင်းလာကြသလို Apple ဟာလည်း iPhone X မှစလို့ နောက်ပိုင်း Model အမြင့်ပိုင်း iPhone များကို OLED သို့ ပြောင်းလဲ အသုံးပြုလာကာ ၂၀၂၄ ခုနှစ်မှာဆိုရင် iPhone SE မှလွဲပြီး ကျန် Apple ထုတ်ကုန်များ အားလုံး OLED နဲ့ အသုံးပြုခဲ့တာ တွေ့ရပါတယ်။

Nikkei ရဲ့ ပြောပြမှုအရ Apple ဟာ သူတို့ရဲ့ ထုတ်ကုန်များအတွက် Displays တွေကို ဂျပန်ရဲ့ Sharp Corp နှင့် Japan Display ကုမ္ပဏီတို့မှ ရယူလေ့ရှိသလို ၎င်းကုမ္ပဏီများဟာ Apple ရဲ့ LCDs ထုတ်လုပ်ရေးတွင် ရှယ်ယာ ၇၀ ရာနှုန်း လောက်အထိ ပါဝင်ထားကြောင်း သိရပါတယ်။ သို့ပေမယ့် Apple ဟာ နောက်ထွက်ရှိမယ့် Apple ထုတ်ကုန်များအတွက် Displays များကို တရုတ်ရဲ့ BOE နည်းပညာကုမ္ပဏီနှင့် တောင်ကိုးရီးယားရဲ့ LG Display တို့မှ မှာယူထားကြောင်း Nikkei ရဲ့ ပြောပြမှုအရ သိရပါတယ်။

ဒါ့ကြောင့် ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်မယ့် Apple ထုတ်ကုန်များ အားလုံးဟာ OLED နဲ့ ထွက်ရှိလာမှာ ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်သလို Apple နဲ့ ဂျပန်တို့ရဲ့ လက်တွက်မှုဟာ တစ်ခန်းရပ်သွားပြီလို့လည်း မှတ်ယူနိုင်ပါတယ်။

ADVERTISEMENT
Exit mobile version