Apple ရဲ့ VR Headset နဲ့ ဝေးရတော့မလား?

အားလုံး စောင့်မျှော်နေကြတဲ့ Apple ရဲ့ VR Headset ဟာ လာမယ့် WWDC 2023 ပွဲမှာ မိတ်ဆက်ပေးဖို့ အဆင်သင့်မဖြစ်သေးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အကုန်လောက်ကတည်းက Apple ရဲ့ VR Headset နဲ့ ပတ်သက်တဲ့ ကောလဟာလသတင်းမျိုးစုံထွက်နေပြီး WWDC 2023 ပွဲမှာ ပွဲဦးထွက်နေနဲ့ မိတ်ဆက်ပေးမယ်လို့ လူတိုင်းက မျှော်လင့်ထားတဲ့ VR Headset အကြောင်းကို အခုအချိန်ထိ Apple က တစ်စုံတစ်ရာ ချပြခြင်းမရှိသေးတာကြောင့် မသေချာတော့တဲ့ အနေအထား ဖြစ်နေပြီလို့ သတ်မှတ်နေကြပါတယ်။ ဒါ့အပြင် Apple ဟာ Headset ကို VR အနေနဲ့ပင်မဟုတ်ပဲ AR အနေနဲ့ပါ အသုံးပြုနိုင်အောင် ဖန်တီးနေတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်နေပါတယ်။

Apple ရဲ့ Developer တွေကလည်း VR Headset ထဲမှာ Siri ၊ FaceTime ၊ Apple TV ၊ Apple Books နဲ့ Freeform အစရှိတဲ့ Software များစွာကိုလည်း ထည့်သွင်းပေးမလို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်းရှိနေတာကြောင့် Apple ရဲ့ VR Headset ကို WWDC 2023 ပွဲမှာ မိတ်ဆက်ပေးဖို့ အဆင်သင့်မဖြစ်နိုင်သေးဘူးလို့ သုံးသတ်ချက်တွေဟာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုတော့ WWDC 2023 ပွဲမှာ Apple က ဘာတွေကို မိတ်ဆက်ပေးသွားနိုင်လဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

WWDC 2023 ပွဲမှာ မိတ်ဆက်ပေးနိုင်တယ်လို့ ပြောနေကြတဲ့ ကောလဟာလတွေထဲမှာ iOS 17 ၊ M2 Macbook Air နဲ့ iPhone 15 တို့ ကျန်ရှိနေပါသေးတယ်။ ဒီအရာတွေနဲ့ ပတ်သက်ပြီး VR Headset လိုမျိုး အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းမထွက်သေးတာကြောင့် မျှော်လင့်လို့ ရနေပါသေးတယ်။ Apple ရဲ့ WWDC 2023 ပွဲကို လာမယ့် ဂျွန်လ ၅ ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို့ ဘာတွေကို မိတ်ဆက်ပေးမလဲဆိုတာ သိရဖို့ တစ်လတောင်မလိုတော့ဘူး ဖြစ်ပါတယ်။

Exit mobile version