Apple ရဲ့ VR Headset ကို မကြာမှီ ရောင်းချပေးတော့မည်

၂၀၂၃ ခုနှစ် အစမှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြောထားတဲ့ Apple ရဲ့ VR headset ကို ဒီနွေရာသီထဲမှာ ရောင်းချပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ထုတ်လုပ်မှု နောက်ကျရတာကို Apple က အတိအကျမပြောပြထားပေမယ့် စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့နဲ့ ဒီဇိုင်းပိုင်းဆိုင်ရာအဖွဲ့ နှစ်ခုအကြား တင်းမာမှုအနည်းငယ်ရှိနေတယ်လို့ သိရပါတယ်။

Apple VR Headset

ဒီနွေရာသီထဲမှာ ကျင်းပမယ့် Apple ရဲ့ Worldwide Developer Conference ပွဲမှာ VR headset ကို Tim Cook က မိတ်ဆက်ပေးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ VR Headset နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ Apple ကတော့ ဒီ VR headset ကို အစပိုင်းမှာ ဝယ်ယူသူနည်းပါးမယ်လို့ ခန့်မှန်းထားပြီး ၁၂ လအတွင်းမှာ အရေအတွက် ၁ သန်းလောက် ရောင်းချမလို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဈေးနှုန်းကတော ဒေါ်လာ ၃၀၀၀ ဝန်းကျင် ကျသင့်နိုင်တယ်လို့လည်း သိရပါတယ်။

Apple ဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို ယုံကြည်ချက်အပြည့်နဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် ဒီတစ်ခါ VR headset မှာတော့ ဝယ်ယူမှု နည်းနိုင်တယ်လို့ ခန့်မှန်းထားတာကို တွေ့ရပါတယ်။ ဘာအားနည်းချက်တွေရှိနေလို့ အခုလို ခန့်မှန်းထားလဲဆိုတာ လာမယ့် Worldwide Developer Conference ပွဲမှာ သိရမှာ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version