Apple Vision Pro က ဒုတိယအကောင်းဆုံး နည်းပညာဟု ChatGPT ရဲ့ CEO, Sam Altman မှ ပြောဆို

Apple က မကြာသေးမီကမှ မိတ်ဆက်ထားတဲ့ ကန်ဒေါ်လာ သုံးထောင်တန် Vision Pro ကို လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ Headset ကို ဝတ်ဆင်ထားရုံနှင့် သင့်ရဲ့ တစ်နေ့တာ အလုပ်တွေမှာ ကူညီနိုင်သလို ဖျော်ဖြေရေးအနေနဲ့ ရုပ်ရှင်ကြည့်တာမျိုးတွေကို လုပ်နိုင်ပါတယ်။

Steve Jobs လက်ထက်က Vision Pro ကို ပုံဖော်ဆွဲထားတဲ့ sketch ကိုတွေ့ရစဉ်

ဒီနည်းပညာကို Apple ရဲ့ founder ဖြစ်တဲ့ Steve Jobs မကွယ်လွန်ခင်တည်းက ဒီဇိုင်းတွေရှိခဲ့တယ်ဆိုပြီး ပုံတွေကို အင်တာနက်မှာ မြင်တွေ့နိုင်ပါတယ်။

Apple Vision Pro က ဒုတိယအကောင်းဆုံး နည်းပညာဟု ChatGPT ရဲ့ CEO, Sam Altman မှ ပြောဆို 1

Vision Pro Headset ကို ဝတ်ဆင်ပြီး ကားအင်ဂျင်ပိုင်းပြင်တာမျိုး၊ အခြား အကူအညီလိုတဲ့အလုပ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Headset ကို ဝတ်ဆင်ထားပေမယ့် အပြင်ကိုလည်း တစ်ပြိုင်တည်းမြင်နိုင်တာကြောင့် တစ်ပြိုင်တည်း အလုပ်လုပ်လို့ရပါတယ်။ ပထမဦးဆုံး Apple က မိတ်ဆက်တဲ့ Vision Pro အနေနှင့် နည်းပညာက အရမ်းကြီးမကောင်းပေမယ့် လက်ရှိ Headset စျေးကွက်ထဲမှာတော့ အကောင်းဆုံးဖြစ်နေပါတယ်။

Apple Vision Pro က ဒုတိယအကောင်းဆုံး နည်းပညာဟု ChatGPT ရဲ့ CEO, Sam Altman မှ ပြောဆို 2

ChatGPT CEO, Sam Altman အနေနှင့် သူ့ရဲ့ ပထမဦးဆုံး စိတ်ကျေနပ်ရတဲ့တ နည်းပညာက ဘာလဲဆိုတာတော့ ထုတ်မပြောပြခဲ့ပါဘူး။ လူတွေရဲ့ ထင်မြင်ချက်အရ ပထမဦးဆုံး သူစိတ်တိုင်းကျတဲ့ နည်းပညာက Artificial Intelligence လို့ သုံးသပ်ကြပါတယ်။

Exit mobile version