Apple TV+ အနေနဲ့ Prime Video မှတဆင့် Android Phone တွေပေါ် ဝင်ရောက်လာတော့မည်

Amazon Prime Video မှာ Apple TV+ ကို add-on အနေဖြင့် ထည့်သွင်းတော့မှာမို့ Android Phone တွေပေါ်မှာ နောက်ဆို ကြည့်လို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။ Apple TV+ ဟာ စီးရီးတွေနဲ့ ရုပ်ရှင်တွေ ပြီးတော့ MLS နဲ့ MLB အားကစားအစီအစဉ်တွေထိ ပါဝင်ပြီးသားဖြစ်တာမို့ အရင်ကဆို Android User တွေအနေဖြင့် Android အတွက် dedicated app မရှိတာကြောင့် web ပေါ်ကပဲကြည့်လို့ ရတာဖြစ်ပါတယ်။

Apple TV+ အနေနဲ့ Prime Video မှတဆင့် Android Phone တွေပေါ် ဝင်ရောက်လာတော့မည်

Add-on subscription က တစ်လ $9.99 ပေးရမှာဖြစ်ပြီး Apple TV+ ရဲ့ မူရင်းစီးရီးတွေ၊ ရုပ်ရှင်တွေ အပြင် MLS နဲ့ MLB ကစားပွဲအစီအစဉ်တွေလည်း Prime Video မှတဆင့် ကြည့်ရှုနိုင်မယ်လို့ Amazon က ကြေညာထားတာ ဖြစ်ပါတယ်။ Apple အနေဖြင့် Apple TV+ app ကို Android အတွက် တိုက်ရိုက်ထုတ်ပေးလိုက်တာ မဟုတ်ပဲ Amazon Prime မှာတဆင့် ကြည့်လို့ရသွားမှာ ဖြစ်ပါတယ်။

Prime Video subscription ဝင်ထားရုံနဲ့ Apple TV+ ကိုအသုံးပြုလို့ ရမှာဟုတ်ပဲ Apple TV+ အတွက် Add-on subscription ကိုထပ်ဝယ်ရမှာ ဖြစ်ပါတယ်။ Amazon Prime Video မှာ add-on subscription ကို ဒီလအတွင်း စတင်မှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေတော့ သေချာမသိရသေးပါဘူး။

Exit mobile version