Foldable iPhone ရဲ့ Flip-style မော်ဒယ်အသစ်ကို Apple စမ်းသပ်

Apple က ဖုန်းခေါက်အသစ်ကို စမ်းသပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်ပါပြီ။ အာရှက leaker တစ်ယောက်ရဲ့အဆိုအရ အခုစမ်းသပ်နေတဲ့ model က Samsung Galaxy Z Flip လိုမျိုး အပေါ်အောက်ခေါက်ရတဲ့ flip-style ဒီဇိုင်း ပုံစံမျိုးဖြစ်တယ်လို့တော့ သိရတယ်။

ဒါပေမယ့် ဒါက ဒီနှစ်ထဲထွက်မယ်လို့ သတင်းထွက်နေတဲ့ စာအုပ်လိုမျိုး ဘေးတိုက်ခေါက်ရတဲ့ foldable iPhone အပြင် နောက်ထပ်တစ်မျိုးကိုပါ စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီ flip-style model က တကယ်ထုတ်လုပ်ဖြစ်၊ မဖြစ်ကတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။

Foldable iPhone ရဲ့ Flip-style မော်ဒယ်အသစ်ကို Apple စမ်းသပ်

ဒီသတင်းအရ Apple က foldable market ထဲကို ဝင်လာရင် တစ်မျိုးတည်းနဲ့ ဝင်လာမှာမဟုတ်ဘူးဆိုတာကို အရိပ်အမြွက်ပြနေပါတယ်။ စာအုပ်လိုခေါက်ရတဲ့ model ကတော့ ဖွင့်လိုက်ရင် screen အကြီးကြီးနဲ့ video ကြည့်တာ၊ game ဆော့တာတွေအတွက်ဖြစ်ပြီး၊ အခုသတင်းထွက်လာတဲ့ flip-style model ကတော့ သယ်ရလွယ်ကူပြီး အိတ်ကပ်ထဲထည့်လို့ကောင်းအောင် (portability) ကို အဓိကထားမှာ ဖြစ်ပါတယ်။

အရင်သတင်းတွေအရတော့ Apple ရဲ့ ပထမဆုံးထွက်မယ့် foldable iPhone (စာအုပ်ပုံစံ) က 7.8-inch display, A20 chip တွေနဲ့ iPhone 18 Pro နဲ့အတူ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

တကယ်တမ်းမှာတော့ ဒီသတင်းက Apple ရဲ့ foldable market အပေါ်ထားတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြလိုက်တာပါပဲ။ သူတို့က market ထဲကို ဝင်လာရင် တစ်မျိုးတည်းနဲ့ ဝင်လာမှာမဟုတ်ဘဲ၊ Samsung လိုပဲ ‘Fold’ နဲ့ ‘Flip’ နှစ်မျိုးလုံးနဲ့ ဈေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားမယ့်ပုံပါပဲ။ ဘယ် model အရင်ထွက်လာမလဲ၊ ဒီ flip-style ကရော အပြင်မှာ မြင်တွေ့ခွင့်ရမလားဆိုတာကတော့ Apple ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စောင့်ကြည့်ရမယ့်အချက်တစ်ခု ဖြစ်လာပါပြီ။

Exit mobile version